Ep-7

3K 294 22
                                    

ကျွန်တော့်မျက်ဝန်းနဲ့ ဆုံသွားတဲ့ မျက်ဝန်း တစ်စုံ
ကြောင့် ကျွန်တော့် ရင်ခုံသံတွေ ဗြောင်းဆန်သွားတယ်...

Jongin...

သူ ကျွန်တော့်ကို ကြည့်နေတယ်...အဓိပ္ပါယ်ဖွင့်ရခက်တဲ့ မျက်ဝန်းတွေနဲ့လေ...

ကျွန်တော့် မျက်နှာကိုချက်ချင်းအရှေ့ပြန်လှည့်လိုက်ပြီး ရင်ခုန်စွာနဲ့ပဲ အတွေးတွေ နယ်ချဲ့နေမိတယ်...ဘာကြောင့်လဲ?...ဘာဖြစ်လို့အဲ့လိုမျိုးကြီး ကြည့်နေရတလဲ?...တကယ်ပါ...သူ့စိတ်ထဲဘာတွေ တွေးနေသလဲဆိုတာကို ကျွန်တော်
တကယ် သိချင်မိတယ်...

နောက်တခါ အရဲစွန့်ပြီး ကျွန်တော်လှည့်ကြည့်လိုက်
တော့...သူကျွန်တော့် ကို ကြည့်မနေတော့ဘူး...သူ့စာအုပ်ကိုပဲ သူကြည့်နေတယ်...နားလည်ရခက်ပါလား...jongin ရယ်...

အတွေးပေါင်းများစွာ ဖြင့်ချာလည် ရိုက်ရင်း ကျွန်တော် စာထဲတွင်လည်းစိတ်မပါတော့...စာသင်ချိန်ပြီးလို့ ဆရာ အခန်းထဲမှ ထွက်သွားတော့မှ ...အတွေးစဖြတ်ပြီး library သွားရန် စာအုပ်တွေကောက်သိမ်းလိုက်သည်။ ဒီနေ့က ဒုတိယအတန်းချိန်မရှိဘူးလေ...တိတ်ဆိတ်တဲ့ library မှာပဲ ထုံးစံအတိုင်း ညနေပိုင်းအတန်းချိန် မ ရောက် ခင်အထိ အချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။

"Soo...ဒီနေ့ library မသွားနဲ့တော့...ငါတို့နဲ့ canteen
လိုက်ခဲ့...sehun ကမိတ်ဖြစ်ဆွေဖြစ် နေ့လည်စာ ဝယ်ကျွေးမလို့တဲ့...မင်းကို ပါခေါ်ထားတယ်..."

ပျော်ရွှင်စွာပြောလာသော baekhyun စကားကြောင့်
ကျွန်တော် လိုက်သင့်မလိုက်သင့် စဉ်းစားနေမိတယ်...
sehun ကခေါ်တယ်ဆိုတော့...jongin လည်းပါမယ်
လေ...jongin နဲ့ နေ့လည်စာအတူတူ စားရမှာကိုတော့ ကျွန်
တော်ပျော်မိပေမယ့် ...ကြိုတင်ခန့်မှန်း မိတဲ့ တခြားနာကျင် စရာကိစ္စ အချို့ တွေအတွက်တော့ ကျွန်တော် မဝံ့ရဲဘူး...

"ငါမလိုက်တော့ဘူး baek...စာနည်းနည်းလေ့လာစရာရှိလို့...မင်းပဲလိုက်သွားလိုက်တော့...နောက်တခေါက်မှပေါ့ sehun ကိုပြောပေးပါ ...ငါက အားနာပါ တယ်လို့..."

အဲ့လို ငြင်းလိုက်တာပဲကောင်းပါတယ်လေ...အခုလော
လော ဆယ်တော့ကျွန်တော် တစ်ယောက်တည်း နေချင်မိ တယ်...

~ချစ်ခြင်းစေရာ~Where stories live. Discover now