Ep-5

2.9K 269 8
                                    



"Nae...baekhyun-shii...ကျွန်တော်တို့ ကချစ်သူ တွေပါ"...

ခပ်ပြုံးပြုံးဖြင့် အေးအေးဆေးဆေး ပြန်ဖြေလိုက်သော jongin ကိုကြည့်ပြီး ကျွန်တော့် ရင်ထဲနာကျင်သွားတယ်...

"Congratulations ...ပါ sehunnie နဲ့ kai~shii...လိုက်တယ် နှစ်ယောက်သား..."

baekhyun စကားကြောင့် sehun က ရှက်သွားသလို အမူအရာနှင့်"Gomawow...baekhyunnie..."

ကျွန်တော် jongin ကိုကြည့်လိုက်တော့ ...ကွန်တော့်ကို ငေးကြည့်နေရာမှ ချက်ခြင်း မျက်လုံးလွှဲသွားတယ်...

ငါ ဘယ်လိုခံစားနေရသလဲဆိုတာ အကဲခက်နေတာလား jongin ရယ်...ဒါမှမဟုတ်...မင်းရဲ့ အချစ်သစ် အပေါ်ကို ဂုဏ်ပြုစကားတောင် မပြောနိုင်တဲ့ ချစ်သူဟောင်းတစ်ယောက်ရဲ့ ကျရူံးခန်းကို လေ့လာနေတာလား...

"Wow...ဒီနေ့ကတော့ တကယ့်နေ့ထူးပဲ...မတွေ့တာ ကြာတဲ့ သူငယ်ချင်းတွေ...ချစ်သူတွေ နဲ့ ပြန်ဆုံတွေ့ရတယ်ဆိုတော့..."

baekhyun စကားကြောင့် ကျွန်တော် တစ်စုံတစ်ရာကို သတိရပြီး ထိတ်လန့်စွာ baekhyun ကိုလှည့်ကြည့်မိတုန်း...

"ဟင်...ဘယ်သူက ချစ်သူနဲ့ပြန်တွေ့တာလဲ မင်းလား.. baekhyunnie?..."

မေးလိုက်သော sehun စကားကြောင့် ပြုံးတုံ့တုံ့ ဖြင့် baekhyun က ကျွန်တော့်ဘက်လှည့်ပြီး...

"ငါ မဟုတ်ပါဘူး ...ဟောဒီက Soo လည်းဒီနေ့ သူ့အချစ်ဆုံး အချစ်ဦးနဲ့ပြန်တွေ့တယ်ပြောတယ် ...Soo ဘယ်မှာလဲ ...အတန်းထဲမှာဆို...ခုနက sehunတို့ရောက်လာလို့ စကားစပြတ်သွားတာ...ငါ့ကိုပြပါဦး...ဘယ်သူလဲ..."

ပြောရင်း အတန်းထဲကို မျက်လုံးကစားရင်း ဟိုဟိုဒီဒီလျှောက် ကြည့်နေသောbaekhyun ကြောင့်...ကျွန်တော် jongin ကို အယောင်ယောင်အမှားမှားလှည့်ကြည့်မိတော့...

သူ...ကျွန်တော့်ကို အဓိပ္ပါယ်ဖွင့်ရခက်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်...

"အဲ့...အဲဒါက...ဘာမှမဟုတ်တော့ဘူး ငါအမြင်မှား မြင်မိတာပါ...လူမှားသွားတာ"

"ဟင်...ဟုတ်လို့လား? ခုနကလေးတင်မင်းပဲ ပြန်တွေ့တယ်ပြောပြီး ခုချက်ချင်းကြီးလူမှားတာဆိုတာတော့ ဟုတ်သေးဘူး လေ..."

~ချစ်ခြင်းစေရာ~Where stories live. Discover now