Ep-6

2.9K 279 10
                                    


"ကောင်းပြီလေ ...အတူတူသွားတာပါ့...မင်းငါ့ကိုတော့ တင်နင်းနိုင် ပါတယ်နော်?...Soo..."

jonin ရဲ့ ခပ်နောက်နောက် အမေးစကားကြောင့် ကျွန်တော်စိတ်ထဲ ပျော်ရွှင် ကြည်နူးသွားတယ်...ဘယ်လိုမေးလိုက်တာလဲ jongin ရယ် မင်းကိုငါတင်နင်းနိုင်တာပေါ့...မင်းနဲ့ သာဆိုရင် ကမ္ဘာအဆုံးထိနင်းဆိုလည်းနင်းမှာ...

"ဟားဟား ...နင်းနိုင်တာ ပေါ့...လာတတ် ...အတန်းချိန်နောက်ကျတော့မယ်...မြန်မြန်သွားရအောင်..."

သူစက်ဘီးပေါ်တတ်ပြီးတာနှင့် ကျွန်တော် စက်ဘီးစနင်းလိုက်သည်...နောက်မှာ ကိုယ်နဲ့နီးနီး ကပ်ကပ် သူ ထိုင်နေတယ်ဆိုတဲ့ အသိကြောင့်ရော...အတူတူသွားရတဲ့အတွက် ပျော်တာရော ပေါင်းပြီး ကျွန်တော့် ရင်ထဲမှာ ကုလားဘုရား လှည့်နေသလား အောင့်မေ့ရတယ် ရင်ခုန်သံတွေဆိုတာ ဆူညံနေတာပဲ...

ချစ်ရတဲ့သူနဲ့အတူသွားရတဲ့ ခရီးမို့လို့လားမသိပါဘူး...နေ့တိုင်းသွားနေကြလမ်း...နေ့တိုင်းမြင်နေကြ ဖြစ်တဲ့ ပတ်ဝန်းကျင် တောင် အရင်ကထက်ပိုပြီးသာယာလှပနေသလိုပင်...

"ငါမနေ့က မနက်ကအတန်းတတ်တုန်းက မင်းကိုမတွေ့မိပါဘူး...နေ့လည်ဘက် sehun နဲ့အတန်းထဲဝင်မှ မင်းကိုတွေ့တာ...အဲတော့မှ မင်းဒီ uni တတ်နေမှန်းသိတာ..."

ကိုယ့်အတွေးနဲ့ ကိုကြည်နူးနေသောကျွန်တော် သူ့စကားသံကြားမှ အသိပြန်ဝင်လာသည်။

"အင်း...မနေ့ကငါမနက်ပိုင်း အချိန်မတတ်ဖြစ်ဘူးလေ...ဒုတိယအချိန်မှ အတန်းထဲရောက်တာ ..."

ငါကတော့ မင်းကို မနေ့ကတည်းက မင်းငါ့ကိုမတွေ့ခင်ကတည်းကတွေ့တာ...အဲ့စကားကတော့ အပြင်မထွက်လာခဲ့ပါဘူး ...ရင်ထဲက တိတ်တခိုးပြောလိုက်တဲ့စကားလေးပေါ့...

"အရင် က မင်းစိတ်ဝင်စားတာ ဒီ major မဟုတ်ပါဘူး...မင်းက အနုပညာ ဘက်ကို ပိုစိတ်ဝင်စားတာမှလား...အဲဒါကြောင့် ဒီ uni မှာမင်းကိုတွေ့တော့ ငါအံသြသွားတယ်"

အရင်က ငါ့အကြောင်းတွေ မှတ်မိနေသေးလို့ ကျေးဇူးတင်ပါတယ် jongin ရယ်...

"ဟုတ်တယ်...ငါ့မိဘတွေ စီမံတဲ့အတိုင်းတတ်ဖြစ်တာပါ..."

ထို့နောက်...ကျွန်တော်တို့နှစ်ယောက်ကြား စကားသံတွေ တဖန်ပြန်လည် တိတ်ဆိတ်သွားသည်...ကျွန်တော် စဉ်းစားမိတယ်...ကျွန်တော့် ရင်ထဲက နှစ် နှစ်ကြာ မြိုသိပ်ထားခဲ့ရတဲ့ မေးချင်တဲ့စကားတွေ ဒီအချိန်ထုတ် မေးလိုက်ရင် ရော...သင့်တော်ပါ့မလား...သူကရော ဘယ်လိုတုံ့ပြန်မှာလဲ?...

~ချစ်ခြင်းစေရာ~Where stories live. Discover now