Ep-20

3.3K 314 43
                                    

        "မင်းကို အရင်တုန်းကပြောဘူးတဲ့ ...ငါချစ်နေသေးတဲ့ ငါ့အချစ်ဦးချစ်သူ ဆိုတာ...အဲ့တာ Jongin ပဲ..."

        ကျွန်တော် Baekhyun ဆီက တုန့်ပြန်မှုတစ်ခုခုပြန်ရလိမ့်မည် ဟု မျှော်လင့်မိသော်လည်း Baekhyun
မျက်နှာ ပေါ်မှာ ဘာအံသြမှုမျှ မရှိ...သိပြီးသားအကြောင်းအရာတစ်လိုလိုပင်...

        ကျွန်တော် တို့နှစ်ယောက် ကြားအတန်ကြာတိတ်ဆိတ်သွားပြီးမှ Baekhyun က...

        "ငါရိပ်မိခဲ့တယ် Kyungsoo..."

        တကယ်အံ့သြသွားရတဲ့ သူက ကျွန်တော်ပါ...ကျွန်တော် အံ့သြတကြီးသူ့ကို ကြည့်တော့ ...သူက ကျွန်တော့်ကို အ
ကြည့်လွှဲပြီး စကားပြန်ဆက်သည်...

        "Kai တို့ ပြောင်းလာကတည်းက မင်းအမူအရာတွေ ပျက်နေခဲ့တယ် Kyungsoo... မင်းအရင်ကနဲ့မတူတော့ဘူး...မင်းမျက်လုံးတွေ...မျက်အပြုံးတွေက အသက်
ဝင်လာခဲ့တယ်...Kai ရှေ့ရောက်ရင်မင်းက တခြားလူတစ်ယောက်လိုပဲ ပြုမူနေခဲ့တယ် ...Kai နဲ့ Sehun နဲ့အတူတူတွေ့တိုင်းမင်းမျက်လုံးထဲက ကြေကွဲမှုတွေကိုငါသတိထားမိလာတယ်...တနေ့ ငါ uni လာတော့ မင်းနဲ့ Kai ကို စက်ဘီးအတူတူ စီးလာတာ ငါတွေ့ခဲ့တယ်...ပထမကတော့ဒီအတိုင်းရိုးရိုးသားသား သူငယ်ချင်းနှစ်ယောက်အရမ်းခင်ကြလို့ဘဲ ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့်...အဲ့နေ့က Kai ခါးကိုဖတ်ပြီး စီးလာတဲ့ မင်းရဲ့မျက်နှာအမူအရာက သူငယ်ချင်းသက်သက်မဟုတ်ဘူးဆိုတာ သက်သေခံနေခဲ့တယ်...ငါအဲ့အချိန်ကတည်း က ရိပ်မိခဲ့တာ Kyungsoo...မင်းကို ငါအကြိမ်ကြိမ် မေးခဲ့ပါတယ်...ဒါပေမယ့်မင်းတစ်ခါမှ မပြောပြခဲ့ဘူး..."

        "...ငါပြော ပြချင်ခဲ့တယ် Baekhyun...ဒါပေမယ့်...
ဒါပေမယ့် ငါကြောက်နေခဲ့တယ်...မင်းငါ့ကို ရွံရှာသွားမှာ
မုန်းသွားမှာကို...ငါ့ကို အထင်လွဲသွားမှာကို..."

       Baekhyun မျက်နှာပြင်တွင် ဒေါသနှင့်အတူ ဝမ်းနည်းမှုတွေ လျှပ်ဖြာသွားသည်...

        "မင်း အတွက်သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က ဘယ်
လိုယူဆထားလဲဆိုတာ မသိပေမယ့်...ငါ့အတွက်ကတော့အဲ့လို မဟုတ်ဘူး Kyungsoo...အဲ့ထက်အများကြီး
တန်ဖိုးရှိတယ်...လေးနက်တယ်...အဲ့လိုကိစ္စလောက်နဲ့
မင်းကိုငါက ရွံမုန်းရမှာလား?...စွန့်ခွာသွားမှာလား?..."

~ချစ်ခြင်းစေရာ~Where stories live. Discover now