Ep-16

3K 286 11
                                    

         ကျောင်းသား ကျောင်းသူများ၏ စကားပြောသံများ အချင်းချင်းစနောက်သံများဖြင့် ကျွန်တော်တို့ကားလေးကအသက်ဝင်နေလေရဲ့...Project အတွက်ကျွန်တော်တို့ အဖွဲ့က စီးပွားရေးစက်မှုစုံ တစ်ချို့ဆီသို့သွားရသဖြင့် Baekhyun တို့နှင့် နေရာမတူပေ။အရှိန်ဖြင့်သွားနေသော ကြောင့်လမ်းဘေးမှ မြင်ကွင်းများကတရိပ်ရိပ်...ပြတင်းပေါက်ဘက်နေရာယူထားသောကျွန်တော့်အတွက်က မြင်ကွင်းတွေအပြင် တဖြူးဖြူးတိုက်ခတ်နေသော လေများကလည်း စိတ်ကိုပိုပြီးကြာ်နူးလန်းဆန်းစေသလိုပင်...ကျွန်တော့်ဘေးမှာတော့နားကြပ်တပ်ကာ မျက်လုံးကြီးမှိတ်ထားသော Jongin...

        သူအိပ်နေတာလား ဘာလားတော့မသေချာပေမယ့် ကားပေါ်စတတ်လာပြီး ကျွန်တော့်ဘေးတွင်ဝင်ထိုင်
ပြီးကတည်း ကနားကြပ်တပ်ကာမျက်လုံးကြီးမှိတ်ထား
သည်။Suho hyung ကတော့သူ့သူငယ်ချင်းတစ်ယောက်နှင့်အတူ ကားအရှေ့ဘက်ပိုင်းတွင်ထိုင်နေသည်။ကျွန်တော်နှင့်သူကတော့ ကားအနောက်ဘက်အပိုင်း လူနည်းနည်းရှင်းသောနေရာတွင်ဖြစ်သည်။လူအများနှင့်ရောရောထွေးထွေးမနေတတ်သည့် ကျွန်တော့်စရိုက်ကြောင့်ဒီလို လူသိပ်များသည့်နေရာမျိုးကပိုအဆင်ပြေသည်လေ။

        ကျွန်တော် ကားပြတင်းပေါက်မှ မျက်လုံးလွှဲ၍ Jongin ဘက်လှည့်ကြည့်လိုက်တော့ ခုနကအတိုင်း
မပြောင်းမလဲ မျက်လုံးကြီးမှိတ်ထားဆဲပင်...ကားပြတင်း
ပေါက်မှတိုးဝင်လာသောလေတို့က သူ့မျက်နှာလေးပေါ်
မှ ဆော့လွှားတိုက်ခက်နေသောကြောင့် နှဖူးပေါ်ကြနေသော သူ့ဆံပင်လေးတစ်ချို့က လေနှင့်အတူ တစ်ချက် တစ်ချက် လွှင့်နေသည်။

        နှဖူးလေး...မျက်ခုံးလေး...မှိတ်ထားသော မျက်ခွံခပ်လှုပ်လှုပ်လေး...နှာခေါင်းလေး...ခပ်ထူထူ နှုတ်ခမ်းလေး...အညိုဘက်ခပ်လုလု အသားအရေလေး...Jongin
...ကျွန်တော့် နတ်သားလေး...သူအရမ်းပြီးပြည့်စုံလွန်းတယ်...အကြိမ်ပေါင်းများစွာ ကျက်မှတ်ပြီး အလွတ်ရပြီး
သား သူ့မျက်နှာမြေပုံလေးက ဘယ်အချိန်ပဲထပ်ကြည့်
ကြည့် ကျွန်တော့်ရင်ခုန်သံတွေကို တဖြေးဖြေးနှင့် အမြင့်
ဆုံးရောက်အောင် အရှိန်တင် လေ့ရှိတယ်...အခုလည်း
ကျွန်တော် သတိထားမိချိန်မှာ ကျွန်တော့်နားထဲမှာ တောင် ကျွန်တော့်ရင်ခုန်သံတွေကျွန်တော် ပြန်ကြားနေရပြီလေ...သူကျွန်တော့်အပေါ်အဲ့လောက်ပြုစားနိုင်
တာပါ...

~ချစ်ခြင်းစေရာ~Where stories live. Discover now