Ep-4

3K 286 5
                                    


        "Jongin..."

       ကျွန်တော့် အသံကြောင့် ကျွန်တော်ကြည့်နေသော အတန်းပေါက်ဝဆီသို့ လှည့်ကြည့်လိုက်သော baekhyun က...

       " ဟင်...Se...Sehun??"

      အတန်းပေါက်ဝကနေသူတို့ရှိရာသို့တဖြည်းဖြည်းလျှောက်လာ သော jongin နှင့်ကားပါကင်မှာတွေ့ခဲ့သော အရပ်ရှည်ရှည် အသားဖြူ ဖြူနဲ့ကောင်လေးက...မတ် တပ်ရပ်ကြီးကြောင်ငေးနေသော ကျွန်တော်နှင့်  baekhyun  ရှေ့တွင်ရပ်လိုက်ကာ baekhyun ကိုကြည့်၍...

      "Baekhyunnie...??" ထိုအသားဖြူဖြူ ကောင်လေးက baekhyun ကို မေးလိုက်ခြင်းပင်...

      "Sehun...Omo...sehunnie...တကယ်ပဲ မင်းကို...ဟုတ်တယ် ...ငါ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းကြီး Byun Baekhyun ...မှတ်မိလို့တော်သေးတာ ပေါ့"ပြောရင်း ကောင်လေးကိုပြေးဖက်လိုက်သော baekhyun ကို...

      "Omona ...my chingu baekhyunnie~ ငါကမင်းကို ဘယ်မမှတ်မိဘဲ နေမလဲ...မှတ်မိတာပေါ့ ဘယ်နေရာ ရောက်ရောက်မှတ်မိတယ် ...နော်" ပြောကာ တစ်ယောက်နဲ့ တစ်ယောက် လုံးနေအောင် ဖတ်ထားကြသော သူတို့ နှစ်ယောက် ကိုကျွန်တော်သာမက အတန်းထဲမှ ကျောင်းသား ကျောင်းသူ တချို့ကလည်း စပ်စုသလို လေ့လာနေကြသည်။

      baekhyun တို့နှစ်ယောက်ကိုကြည့်နေရင်း မှရုတ်တရပ် ကျွန်တော် သတိရလို့ သူတို့ဘေးကိုကြည့်လိုက်တော့...ကျွန်တော့်ကို ငေးကြည့်နေတဲ့...သူ...

      jongin...

      သူ့အကြည့်စူးစူး ကြောင့် ရုတ်တရပ်မြန်လာ သော ရင်ခုန်သံနဲ့နှင့် အတူ ပြောစရာစကားတွေလည်း လည် ချောင်းဝမှာပဲ ပျောက်ဆုံးသွားတယ်...မတွေ့တာကြာပြီ ဖြစ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာ သော jongin က ပိုပြီးရင့်ကျက်လာပုံပေါ်ပင်မယ့် အရင်တုန်းကအတိုင်း ချောမောခန့်ညားနေဆဲပါ...

       "ဟေး...kyungsoo မတွေ့တာတောင်ကြာပြီနော် ..."

      သူ့ကို ဘယ်လောက်တောင် ငေးကြည့်နေမိမှန်းမသိ...သူ့ အသံကြားမှ ကျွန်တော်လည်း အသိပြန်ဝင်လာ ပြီး ...

       "ah...inn...ဟုတ်တယ်နော်...မတွေ့တာ တော်တော်ကြာပြီ" သူ့ဆီမှအကြည့်လွှဲ ကာ ခေါင်ငုံပြီး ကျွန်တော် ဖြေလိုက်  ရင်း...ရေခဲတုန်းလို တဖြည်းဖြည်းအေးစက်လာသော ကျွန်တော့် လက်နှစ်ဖက်ကို မသိမသာ ဆုပ်နယ်နေမိသည်။

~ချစ်ခြင်းစေရာ~Where stories live. Discover now