Ep-19

2.9K 283 45
                                    

~~ဘုတ်...~~

ကျွန်တော်တို့နားမှာ ပစ္စည်းတစ်ခုခုပြုတ်ကျသွားသံကြောင့် ကျွန်တော်ရော Jongin ရော အသံကြားရာ
ဘက်လှည့်ကြည့်လိုက်တော့...

"Sehun..."

Sehun လက်ထဲလွတ်ကျသွားတဲ့ အမှိုက်ထုတ်လေးကတော့ လမ်းမထက်မှာ...Sehun ရဲ့မျက်ဝန်းထဲမှာ
တော့ မျက်ရည်တွေနှင့်...

************~************

"Sehun..."

မျက်ရည်တွေနဲ့ Sehun က ကျွန်တော်တို့နှစ်ယောက်လုံးကို ကျောခိုင်း၍ ထိုနေရာမှပြေးထွက်သွားသည်။

"Sehun~ah...ခဏလေး...ငါရှင်းပြတာ..."

ကျွန်တော့်ကိုယ့်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကိုဖြုတ်ပြီး Sehun နောက်ကိုပြေးလိုက်သွားဖို့ ပြင်နေတဲ့ Jongin ကိုကျွန်တော် မသိလိုက်ခင်မှာပင် ကျွန်တော့်လက်တွေက မလိုက်သွားဖို့ တားမြစ်နေပြီးသားဖြစ်
နေသည်။ဒီအချိန် ကျွန်တော့်ပုံစံ က Korea Drama ကားတွေတော်တော်များများ မှာပါတတ်တဲ့ ဗီလိန် ဇာတ်ရုပ်ဖြစ်နေမလားတော့မသိပေမယ့် ကျွန်တော်ဂရုမစိုက်နိုင်ဘူး...ကျွန်တော့် စိတ်ထဲကနေလည်း ထပ်ကာထပ်ကာ သူ့ကို လိုက်မသွားပါနဲ့ လို့ပြောနေမိပေမယ့်...သူ့လက်မောင်းကို ဆွဲထားတဲ့ ကျွန်တော်လက်တွေကို ဖြုတ်ပြီး...

"Kyungsoo~ah...တောင်းပန်ပါတယ်...ငါလိုက်သွားမှ ဖြစ်မယ်...ဒီလို အခြေအနေမှာသူ့ကိုတစ်ယောက်တည်း လွှတ်လိုက်ရင်တစ်ခုခုဖြစ်သွားလိမ့်မယ်...ငါ
သူ့ကို မထိခိုက်စေ ချင်ဘူး..."

စိုးရိမ်မှုတွေ ထိတ်လန့်မှုတွေ ယူကျုံးမရမှုတွေနဲ့ပူလောင်နေတဲ့ Jongin မျက်ဝန်းတွေက ကျွန်တော့် နှလုံးကို ဆုပ်ခြေနေသလိုပဲ...သူ့ကို မထိခိုက်စေချင်ဘူးဆိုရင်
ငါ့ကရော...ငါ့ကတော့ ထိခိုက်လည်းဖြစ်တယ်ပေါ့...
ဟုတ်မှာပါ...ငါက မင်းရဲ့ ကကြိုးဆွဲရာ ကနေကြအရုပ်ဆိုတော့...စိတ်ထဲက သာစကားတွေအများကြီး
ပြောနေမိပေမယ့် တကယ့်အပြင်မှာတော့ ကျွန်တော့် ပါးစပ်ထဲကစကား တစ်လုံးတစ်လေတောင် ထွက်မလာ...

"............"

"တောင်းပန်ပါတယ်..."

သူ့မျက်ဝန်းထဲက မပြတ်သားမှုတွေကိုတွေ့ရှိနားလည်မိတော့...ရင်နာမိတယ်...ကျွန်တော့်မြင်ကွင်းထဲမှာ သူ့အရိပ်အယောင်လေးပျောက်သွားသည်အထိ ကျွန်တော်ငေးကြည့်နေမိသည်။သူ Sehun နောက်ပြေးလိုက်သွားခဲ့တယ်...ကျွန်တော့်ကိုထားခဲ့ပြီးတော့ပေါ့...အခုလေးတင် သူ့ဆီကကိုယ်မျှော်လင့်စောင့်စားနေခဲ့တဲ့အဖြေကို ရခဲ့ပေမယ့် ကျွန်တော်ဘာလို့အပြည့်အဝ မပျော်ရွှင်ရတာပါလိမ့်...ကျွန်တော့်ရင်ထဲမှာဘာလို့များ မွန်းကျပ်ပိတ်လှောင်နေတာပါလိမ့်...ဘာလို့များ နာကျင်နေရတာပါလိမ့်...

~ချစ်ခြင်းစေရာ~Where stories live. Discover now