Ep-9

2.8K 298 12
                                    

       "မင်း ပြုံးရယ်လိုက်တိုင်း ပေါ်လာတဲ့ မင်းရဲ့ အသည်းပုံ နှုတ်ခမ်းလေး လေ..."

       ဟင်...ဘာကို??...ကျွန်တော်နားကြားများမှားသွားတာလား?...jongin...သူက...ကျွန်တော့်...

       ကျွန်တော် သူ့ကိုကြည့်လိုက်တော့ သူက သူ့အခန်းတံခါးတောင်ဖွင့်နေပြီ။ပြီးတော့ ကျွန်တော့်ဘက်ပြန်လှည့်ပြီး ...

       "bye ...kyungsoo...good night "ပြောပြီး အထဲ
ဝင်သွားသည်။

      ကျွန်တော်အဲ့နေရာကမရွေ့မိ ကြောင်တောင်တောင်
ကြီးရပ်ရင်း သူပြောသွားသော စကားကို ကြေညက်အောင် အဓိပ္ပါယ်ဖော်နေမိသည်။

      ဘာအဓိပ္ပါယ်နဲ့ အဲ့လိုပြောမှန်းမသိ ပေမယ့် ကောင်းတဲ့ အလားအလာလို့တော့ယုံကြည်တယ်...စဉ်းစားရင်းနဲ့မှ ရင်တွေပိုပို ခုန်လာသလိုပဲ...

       တနေ့ တနေ့ ငါ့မှာလည်း မင်းပေးတဲ့ ခံစားချက်ပေါင်းများစွာနဲ့ပဲ အသက်ရှင်နေရတော့ ငါ့ကိုယ်ငါတောင်မပိုင်တော့သလိုပဲ...ဒါပေမယ့် ငါကျေနပ်ပါတယ် jonginရယ် ...မင်းပေးတာ ...နာကျင်မှုပဲ ဖြစ်ဖြစ်...ဝမ်းနည်း
ကြေကွဲမှုပဲ ဖြစ်ဖြစ်...ရင်ခုန်လှိုက်မောမှုပဲဖြစ်ဖြစ်...ပျော်ရွှင်မှုပဲ
ဖြစ်ဖြစ် ငါခံယူဖို့ အသင့်ပါ...လွန်ခဲ့ နှစ်နှစ်ကတည်းက ငါ့နှလုံးသားနဲ့ ငါ့အချစ်တွေ အကုန်မင်းကိုအပိုင်ပေး
ပြီးသားပါ...မင်းစေရာအတိုင်းပါပဲ...

       ကျွန်တော် အခန်းထဲပြန်ဝင်ပြီး သိမ်းစရာရှိသည့်ပန်းကန်များ သိမ်းဆည်းရင်း သီချင်းလေး ညည်းကာ ကြည်နူးနေမိသည်။ဒီစကားလေး ကြားတာတောင် ကျွန်
တော် ရင်ဖိုလှိုက်မောပျော်ရွှင်ရတာပါ...ဘာပဲဖြစ်ဖြစ် ဒီစကားက ဘာမှထူးထူးဆန်းဆန်းမဟုတ်ပေမယ့်လည်း ...ကျွန်တော် နဲ့ပတ်သက်တဲ့ အချို့အရာတွေ သူ့စိတ်ထဲမှာရှိနေ သေးတယ်ဆိုတာ သက်သေထူနေသလိုပဲ...

       ကျွန်တော်ရေမိုးချိုး စားသောက်ပြီးတော့ သူများ အိပ်သွားပြီလားသိချင်တာနဲ့ ဝရံတာလေးကထွက်ပြီး သူ့အခန်း ဝရံတာဘက်ကိုကြည့်မိတယ်...

       မီးရောင်လေး လင်းနေတုန်းပဲ...ဒါဆို သူမအိပ်သေးဘူးပေါ့...ကျွန်တော်လည်း ဝရံတာက ခုံလေးမှာ ထိုင်ရင်း
စောင့်နေမိတယ်...သူ့အခန်းလေးမီးပိတ်သွားမှ ကျွန်တော် လည်းဝင်အိပ်မယ်လေ...

~ချစ်ခြင်းစေရာ~Where stories live. Discover now