Chapter 1

62.4K 2.8K 23
                                    

Zawgyi Version

" ဒီ​နေ့ စ​တေးခံ​ရောက်​မယ်​တဲ့​နော်​"
"အင်း"
"ဟယ်​ Kokonoe sama စိတ်​မဝင်​စားတဲ့ပုံပဲ အရင်​လို တက်​ကြွမှုမရှိပါလား"
"​နေစမ်းပါ သွား နားငြီးတယ်​"
"ဟုတ်​ကဲ့ အမိန့်​​တော်​ အတိုင်းပါဗျား "

#########################################

ကျွန်​​တော်​ လှမ်းမြင်​​နေရတဲ့ လှည်း​ပေါ်က မြင်​ကွင်းက ​စော​စောကနဲ့မတူ​ပြောင်းလည်းလို့သွားပြီ! အိမ်​​တွေ အဆက်​ဆက်​မြင်​​နေရသည့်​ကြားက အခု​တော့ သစ်​ပင်​ ဝါးပင်​တို့နှင့်​ပြည့်​လို့! မြို့လမ်းမကျယ်​​ပေါ် ငြိမ်​သက်​စွာ​ပြေးလွှား​နေခဲ့သည့်​လှည်းက အခု​တော့ မညီမညာ ​တောလမ်းကျဉ်း​မြောင်း​မြောင်း​ပေါ် ခုတ်​​မောင်းလို့​နေသည်​! တချက်​တချက်​ ချိုင့်​ထဲဖြတ်​​မောင်းရတဲ့ လှည်း​ပေါ်က ကျွန်​​တော်​လည်း ဇီးဖြူသီး စ​ကောထဲထည့်​လှိမ့်​သလိုပဲ! ဒါကို ကြည့်​ချင်းအားဖြင့်​ မကြာမှီ ထို​နေရာသို့​ရောက်​​တော့မည်​ဆိုတာသိနိုင်​သည်​!ထို​နေရာ.............! ကျွန်​​တော်​ရဲ့ ​နောက်​ကျန်​ရှိမယ့်​ သက်​တမ်း ကုန်​ဆုံးရမယ့်​ထို​နေရာ.....!

*sigh*

သက်​ပြင်း ခပ်​​ဖျော့​ဖျော့ချရင်း ထိုင်​​ခုံ​နောက်​ကို ​ခေါင်းလှန်​မှီကာ ​ဖြေ​လျော့စွာထိုင်​​နေမိသည်​!

*(စ​တေးခံ)

စိတ်​ထဲမှာတီးတိုး​ရေရွတ်​ရင်း ကျွန်​​တော်​ရဲ့ အ​တွေးတို့က အတိတ်​ကာလ တစ်​ခုဆီသို့.....................

Shijou အိမ်​​တော်​ရဲ့ အစဉ်​အဆက်​မပြတ်​ ကျိန်​စာ တစ်​ခုလို့​ခေါ်မလား ထိုအိမ်​​တော်​မှာ​မွေးဖွားတဲ့ သမီးမိန်းက​လေးများအဖို့​တော့ အသက်​ ၁၆နှစ်​ပြည့်​သည့်​​နေ့က ကံဆိုးမိုး​မှောင်​ကျသည့်​​နေ့ပင်​! ထို​နေ့မှာ ထိုမိန်းက​လေးရဲ့ ၁၆နှစ်​ပြည့်​​မွေး​နေ့ကို အစည်​ကားဆုံး ကျင်းပ ကြသည်​! ​မွေး​နေ့ရှင်​ မိန်းက​လေး ရဲ့မျက်​နှာက အ​ပျော်​​တွေနဲ့ ပြည့်​နှက်​​နေရမည့်​အစား မကြာမှီ​သေမိန့်​ကျ​တော့မည့်​သူလို! ဘာ​ကြောင့်​လည်း? စ​တေးခံဆိုတဲ့ စကားလုံးက ထိုမိန်းက​လေးရဲ့ နှလုံးသားကို အပ်​အစင်းတစ်​ရာနဲ့ ထိုးနှက်​​လို့​နေသည်​! ​မွေး​နေ့ပွဲပြီးဆုံးသည်​နှင့်​ ထိုမိန်းက​လေးက အလှပဆုံး​သော ရိုးရာဝတ်​စုံရှည်​ကို ဝတ်​ဆင်​ကာ ထို​နေရာသို့ သွားရ​ပေလိမ့်​မည်​! ထို​နေရာ.........! စ​တေးခံ မိန်းက​လေးရဲ့ ကျန်​ရှိမယ့်​ သက်​တမ်းကုန်​ဆုံးရမယ့်​​နေရာ! Kokonoe sama ရဲ့ ဘုံ​ကျောင်းတည်​ရှိရာ ​နေရာ! ထို​နေရာမှာ ထိုမိန်းက​လေးရဲ့ သက်​တမ်းတစ်​​လျှောက်​လုံး အထီးကျန်​စွာ တစ်​​ယောက်​ထဲ​နေထိုင်​သွားရမည်​! ထို​နေရာမှ လက်​ကျန်​သက်​တမ်းတစ်​​လျှောက်​လုံး တဖဝါးမှ ခွာခွင့်​မရှိ တစ်​သက်​တာ တစ်​ကိုယ်​တည်း အကျယ်​ချုပ်​ကျခြင်းနှင့်​တူသည်​! အထီးကျန်​မှု ဝမ်းနည်းအားငယ်​မှုတို့နှင့်​ ထိုမိန်းက​လေးက သက်​တမ်းရှည်​စွာ​နေထိုင်​နိုင်​ပါ့မလား?

Love LegendWhere stories live. Discover now