Chapter 7

18.9K 1.9K 3
                                    

Zawgyi Version

တံတား အလယ်​မှ အနည်းငယ်​​ကျော်​လာသည်​နှင့်​ ပတ်​ဝန်းကျင်​​လေထုက အစ​ပြောင်းလို့သွားသည်​! ကျွန်​​တော်​ ​နောက်​ပြန်​လှည့်​ကြည့်​မိ​တော့ ကျန်​ခဲ့သည့်​ မြစ်​တစ်​ဖက်​ကမ်းက မြူတို့စိုင်းလို့!

"?????"
"ငါ ဟိုဖက်​ကကြည့်​​တော့ ဒီဖက်​က မြူ​တွေစိုင်း​နေတာပါ ခုကြ​တော့...... အင်း ဒီဖက်​က ပူသလိုပဲ!"

ကျွန်​​တော်​ ဝတ်​ရုံလက်​​မောင်းကို အနည်းငယ်​ပင့်​တင်​လိုက်​တယ်​! ​နောက်​ပြန်​လှည့်​ရင်​​ကောင်းမလား စဉ်းစားမိ​ပေမယ့်​ ​ခြေလှမ်းတို့က ​ရှေ့ဆက်​​နေမိသည်​! မြစ်​ဒီဖက်​ အခြမ်းက ဟိုဖက်​နှင့်​လုံးဝမတူ ! သီးခြားနယ်​​မြေတစ်​ခုကို​ရောက်​လာသလိုပဲ! ​စော​စောက ကြားခဲ့တဲ့ ခြူသံ​လေးလည်း ဘယ်​ဆီကို​ရောက်​သွားပြီလည်းမသိ ကျွန်​​တော့်​စိတ်​ထဲ အနည်းငယ်​ မသိုးမသန့်​ဖြစ်​လာတယ်​!

*( ငါ ပြန်​လှည့်​မှထင်​တယ်​........)*

လေပြင်းပြင်းက ခပ်​ကြမ်းကြမ်းတိုက်​ခတ်​လိုက်​သည်​! ​သစ်​ရွက်​​​ခြောက်​​တွေသာမက အပင်​​ပေါ်က သစ်​ရွက်​စိမ်းတချို့ပါ ​လေ​နောက်​လွင့်​ပါသွားကြတယ်​! ကျွန်​​တော်​ ဝတ်​ရုံဖားဖားကို ဖိထားရင်း မျက်​လုံးစုံမှိတ်​ထားမိသည်​!

"အာ ​လေကလည်းကြမ်းလိုက်​တာ? ငါပြန်​တာ​ကောင်းမယ်​ ! ဘယ်​လို​နေရာမှန်းမသိ...."

တစ်​​ယောက်​ထဲ​ရေရွတ်​ရင်း ​နောက်​ပြန်​အလှည့်​.......

"​ဟော်​ ....... ဘယ်​က လူသားက ငါ့ပိုင်​နက်​ထဲ​ရောက်​​နေတာလည်း?"

ကျွန်​​တော့်​​နောက်​​ကျောဆီမှ ​အေးစက်​စက်​ မထီသလိုအသံ​ကြောင့်
တကိုယ်​လုံး​တောင့်​တင်းသွားသည်​!

*( ဘာလည်း? ဘယ်​သူလည်း ????? ဒီ ဒီ​နေရာမှာ လူမှမရှိတာ? ပိုင်​နက်​ ဆိုလား? ဒါ Kokonoe sama ရဲ့ ပိုင်​နက်​မဟုတ်​ဖူးလား မဟုတ်​မှလွဲ​ရော ဒါ.......)*

ကျွန်​​တော်​ အ​တွေးတို့နဲ့ ရှုပ်​ရှက်​ခတ်​​နေစဉ်​ ​ခြေသံက ကျွန်​​တော့်​​နောက်​မှတိုးကပ်​လာသည်​! ကျွန်​​တော်​​နောက်​လှည့်​မကြည့်​ရဲဘူး !

Love LegendOnde as histórias ganham vida. Descobre agora