Chapter 4

20K 2.1K 7
                                    

Zawgyi Version

ကုန်းကမူ​လေး​ပေါ်ရပ်​​နေ​သော Kokonoe sama ရဲ့ ဆံနွယ်​​တွေနဲ့ အပြာ​ရောင်​ ကီမိုနို တို့က မှိုင်းညို့ညို့​ကောင်းကင်​​အောက်​မှာ တဖြတ်​ဖြတ်​လွင့်​လို့​နေသည်​! အ​ဝေးကို ​မျှော်​ကြည့်​​နေတဲ့ Kokonoe sama ရဲ့ အ​တွေးထဲမှာ ရှိ​နေမည့်​သူကို Tenri တပ်​အပ်​သိ​နေတယ်​! Shijou မိန်​ခ​လေး.........
အချစ်​ကြီး လို့ အမျက်​ကြီးသွားတဲ့ Kokonoe sama က Shijou ​တွေကို ကြီးမားတဲ့ကျိန်​စာ တိုက်​​စေခဲ့တဲ့ ရင်းမြစ်​ ထိုမိန်းခ​လေး.....

"နှစ်​​ပေါင်းရာချီ​နေပြီ ခုထိ မ​မေ့နိုင်​​သေးဘူးလား Kokonoe sama! "

Tenri တစ်​​ယောက်​ထဲ တီးတိုး​ရေရွတ်​မိသည်​!

လေထဲမှာ ခြူသံ​လေး​တွေ လွင့်​ပျံ​နေသည်​! အတိတ်​တခုမှာ ပိတ်​မိ​နေတဲ့ Kokonoe sama ရဲ့​ကျောပြင်​ကိုကြည့်​ရင်း Tenri သက်​ပြင်းဖွဖွချမိသည်​!

################################################

ရာသီက ​နွေဖက်​ကူး​ပြောင်းလာ​ပေမယ့်​ ​တောအုပ်​တစ်​ခုအ​တွင်း​တော့ အပူချိန်​ ခပ်​ပြင်းပြင်းမကျ​ရောက်​​ပေ! ကျွန်​​တော်​​ရောက်​​နေတဲ့ ဒီ​နေရာမှာ တဖြည်းဖြည်း​တော့ အသားကျလို့လာပြီ! ကျွန်​​တော်​ဇွဲမ​လျော့ပဲ ​လေထဲက ခြူသံ​လေး​တွေကို ရှာ​နေဆဲပဲ! မရှိနိုင်​ဘူးဆို​ပေမယ့်​ Kokonoe sama ကို ​တွေ့ချင်​​နေမိတုန်းပဲ! တ​နေ့နဲ့တ​နေ့ ဒီအဝန်းအဝိုင်းကို လှည့်​လည်​သွားလာရင်း ​နေရာသစ်​တို့ကို မှတ်​သားမိ​နေသည်​! Kokonoe sama အခန်းကို တစ်​​နေ့တစ်​​ခေါက်​ဝင်​ရင်း သိရှိလာတဲ့​နေရာသစ်​​တွေကို ​ပြောပြ​နေမိတယ်​! တကယ်​လို့ Kokonoe sama သာတကယ်​ရှိပြီး ကျွန်​​တော်​​ပြောစကား​တွေကိုနား​ထောင်​​နေမယ်​ဆိုရင်​ ​"မင်းက ငါ့ပိုင်​​နေရာအ​ကြောင်းကို ငါ့ပြန်​လာ​ပြောပြ​နေရ​အောင်​ ​တော်​​တော်​ရူးပါလား" လို့ ခနဲ့​နေမည်​ထင်​သည်​! ကျွန်​​တော်​ ဝတ်​ရုံရှည်​တမမနဲ့ ​လျှောက်​ရင်း တစ်​​ယောက်​ထည်း ခပ်​ဟဟရယ်​မိတယ်​!

*ပကျိ ပကျိ ပကျိ*
"????????????"
*ပကျိ ပကျိ ပကျိ*
"ဘာလည်း? ဒီနား​လေးကကြား​နေတယ်​"
*ပကျိ ပကျိ ပကျိ*
"ah~ ငှက်​​ပေါက်​စ​လေး!!!!!!!!!!!!!!"

Love LegendWhere stories live. Discover now