Chapter 10

18.7K 1.9K 6
                                    

Zawgyi Version

"Kokonoe sama! ဟို..."
"ဘာလည်း Tenri?"

Tenri က Kokonoe ​ရှေ့​မှောက်​မှာ ဒူး​ထောက်​ထားရင်း ​ခေါင်းကိုငုံ့ထားတယ်​! Kokonoe က လက်​ထဲက ယပ်​​တောင်​ကို ​ခေါက်​လိုက်​ရင်း.........

"​ပြော​လေ Tenri ဘာဖြစ်​သလဲ?"
"Kokonoe sama ကျွန်​​တော်​ကို အပြစ်​မ​ပေးရ​သေးဘူး အဲ့ဒါ........."
"​ဟော်​........... ငါက မင်းကို ငဲ့ညှာထားတာကို...."
"အပြစ်​က အပြစ်​ပါပဲ Kokonoe sama ကျွန်​​တော့်​ကို အပြစ်​​ပေးပါ"
Kokonoe ရဲ့စကားကို Tenri ဖြတ်​ပြီး ​ပြောလိုက်​တယ်​! Kokonoe ရဲ့ မျက်​ခုံးတို့ တွန့်​​ကွေး​နေသည်​! Tenri က ​ခေါင်းကို တွင်​တွင်​ငုံ့လို့ထားတယ်​!

*( Kokonoe sama ကျွန်​​တော်​ကို မီးမြိုက်​ပြီး အစ​ဖျောက်​လိုက်​ရင်​​ကောင်းမှာပဲ! ကိုယ်​ချစ်​တဲ့သူက တခြားသူနဲ့​ပျော်​ရွှင်​​နေတာကို မြင်​​နေရတာထက်​ ချစ်​တဲ့သူလက်​နဲ့​သေချင်​ပါတယ်​ Kokonoe sama! ကျွန်​​တော့်​ ဆန္ဒ ကို ဖြည့်​​ပေးနိုင်​မလား!!)

Tenri ​မော့ကြည့်​မိတဲ့ Kokonoe sama က အ​​တွေးတစ်​ခုနှင့်​အတူ အ​ဝေးကို ​မျှော်​ကြည့်​​နေပြန်​သည်​!

Tenri ရင်​ထဲတင်းကျပ်​လို့လာတယ်​!
*( Kokonoe sama ~ အမြဲကျွန်​​တော့်​ကို မမြင်​ပဲ အ​ဝေးကိုပဲ​မျှော်​ကြည့်​​နေပြန်​တာပဲ)

"​ကောင်းပြီ Tenri ငါနဲ့လိုက်​ခဲ့"
"ဟုတ်​ကဲ့"

Kokonoe sama ရဲ့ အပြာ​ရောင်​ ကီမိုနို ! ​ငွေမင်​​ရောင်​ ဆံနွယ်​ရှည်​​တွေ ! ​လေထဲမှာ လွင့်​ပျံ​နေတဲ့ ခြူသံချိုချို​လေး​တွေ ကို Terni အ​သေမှတ်​သား​နေသည်​!​ Kokonoe sama ​နောက်​မှ ​တိတ်​ဆိတ်​စွာလိုက်​ပါလာရင်း Kokonoe sama ​ကျောပြင်​ဆီလက်​လှမ်းမိသည်​! Tanri ရဲ့လက်​တို့ Kokonoe sama ဆီမ​ရောက်​နိုင်​..........

ခန်းမကျယ်​ကြီးကိုဖြတ်​ ဘယ်​ဖက်​ကိုချိုး ပထမဆုံး​တွေ့တဲ့အခန်း..... Kokonoe sama ရဲ့ အခန်းထဲမှာ Kokonoe sama ​ရှေ့​မှောက်​တွင်​ Tenri ငြိမ်​သက်​​စွာရပ်​​နေမိသည်​!

"ကဲ Tenri မင်းက အပြစ်​ကိုခံယူချင်​တယ်​ဆို​တော့လည်း ....."
Kokonoe က တိတ်​ဆိတ်​မှုကို ဖြိုခွဲလိုက်​တယ်​! Tenri ​ခေါင်းကို ငုံ့ထားဆဲ!

Love LegendWhere stories live. Discover now