Chapter 16.5 *(extra)*

38.9K 2.2K 52
                                    

Zawgyi Version

ကြည်​လင်​တဲ့​ကောင်းကင်​ရယ်​ သာယာတဲ့ ရာသီဥတုရယ်​က ​တောအုပ်​ရဲ့ မနက်​ကို သစ်​လွင်​​တောက်​ပ​စေသည်​!အခုဆိုရင်​ ကျွန်​​တော့်​ရဲ့ဝတ်​ရုံဖားဖားကို ​မြှောက်​ရင်း သစ်​ရွက်​​တွေ​ပေါ်နင်း​လျှောက်​ရတဲ့ အရသာကို စွဲလမ်းတတ်​​နေပြီ! မနက်​နိုးထလာတိုင်း Kokonoe sama ကြိုက်​တဲ့ သကြားကပ်​အချိုမုန့်​​လေး​တွေလုပ်​ပြီး နန်း​ဆောင်​မှာ သွားသွားထားတတ်​​နေပြီ!​တောအုပ်​ရဲ့ ​နေရာအားလုံးကို ခ​ရေ​စေ့တွင်းကျ အလွတ်​ရ​နေပြီ! Tenri ရဲ့ အ​ပေါ်ယံ ခနိုးခနဲ့ ​စောင်းချိတ်​သံနဲ့ အတွင်းက ကြင်​နာတတ်​မှုကို လည်း လှမ်းမြင်​တတ်​ပြီ! Kokonoe sama ရဲ့ တိတ်​တဆိတ်​​နွေး​ထွေးမှု​လေး​တွေကိုလည်း ကျွန်​​တော်​ နှလုံးသားနဲ့ ခံစားနားလည်​​နေမိပြီ!

"arrrrrr ကျွန်​​တော်​ရဲ့ ​လောကကြီးက အားလုံးပြီးပြည့်​စုံတယ်​လို့ ခံစားမိ​နေတယ်​ "

ကျွန်​​တော့်​လက်​​တွေကို ဖြန့်​ကားဆန့်​တန်းရင်း ​ကောင်းကင်​ကို မျက်​နှာမူကာ တစ်​​ယောက်​ထဲ​ပြော​နေမိတယ်​!

"ဘာ​တွေ​လျှောက်​​အော်​​နေတာတုန်း!"
"အယ်​~ အ Tenri ?"
"Kokonoe sama ​ခေါ်​နေတယ်​ အရူးလို​တောထဲမှာ​လျှောက်​​အော်​မ​နေနဲ့ hump"

Tenri က ကျွန်​​တော့်​ကို ​အော်​​ပြောပြီး လှည့်​ထွက်​သွားသည်​! Tenri ရဲ့​ကျောပြင်​ကို ကြည့်​ရတာ ​လေထဲလွင့်​​မျော​နေတဲ့ခရမ်း​ရောင်​ ​ခေါင်း​လောင်းပွင့်​​လေး​လိုပဲ!ကျွန်​​တော်​ပြုံးလိုက်​မိသည်​! ကျွန်​​တော့်​ဘဝက အဲ့ဒီလို အထီးမကျန်​​တော့ပဲ သာယာ​နေခဲ့ပြီ​လေ! ကျွန်​​တော်​ ဝတ်​ရုံဖားဖားကို ​မြှောက်​ပြီး​ပြေးလာမိပြန်​တယ်​! Kokonoe sama မြင်​ရင်​ "​ပြေးပြန်​ပြီလား Iori " ဆိုပြီး မျက်​လုံး​တွေ​မှေးကျဉ်းကာ​ပြော​နေအုံးမယ်​ထင်​တယ်​!

ခန်းမကျယ်​ကြီးကိုဖြတ်​ ဘယ်​ဖက်​ကိုချိုး ပထမဆုံး​တွေ့တဲ့အခန်းရဲ့ တံခါးချပ်​ကိုတွန်းဖွင့်​ရင်း အခန်းထဲကို အလျင်​စလိုဝင်​လိုက်​တယ်​!

"Kokonoe sa...ma~ whaaaaa ah~"
*ဝုန်း*
"အား ~ နာတယ်​"

ကျွန်​​တော့်​ရဲ့ မရိုးနိုင်​တဲ့ ထုံးစံအတိုင်း ဝတ်​ရုံစကိုတက်​နင်းမိပြီး ​မှောက်​လျက်​လဲကျသွားသည်​!

Love LegendWhere stories live. Discover now