Chapter 12.5 *(extra)*

23.9K 1.8K 3
                                    

Zawgyi Version

"Arrrrrrrrr ~ @ @"

နွေရာသီ ရဲ့ အပူချိန်​က ပြင်းလွန်းသည်​! အ​ဆောင်​ထဲမှာ​နေ​နေ​ပေမယ့်​ ကျွန်​​တော်​ အ​ငွေ့ပျံချင်​ချင်​ဖြစ်​လာတယ်​! ဝတ်​ရုံဖားဖားကို မဝတ်​ရရင်​​ကောင်းမှာပဲ! Kokonoe sama တို့ spirit ​တွေ​ရော အပူဒဏ်​ကို ခံစားရလားမသိ!?

"အင်း အ​ဆောင်​ထဲ​နေတာပဲဟာ တစ်​ထပ်​​လောက်​ချွတ်​ထားတာ ဘာမှမဖြစ်​​လောက်​ပါဘူး"

ကျွန်​​တော်​ ဝတ်​ရုံခါးစည်းကို ​ဖြေချလိုက်​တယ်​! ကိုယ်​​ပေါ်က အနီရဲရဲ ဝတ်​ရုံ​လေး​လျှောကျသွားသည်​!
ကျွန်​​တော်​​ဘေးဘီကို အသာလှည့်​ကြည့်​လိုက်​တယ်​! ဘယ်​သူမှမရှိ!

"​နောက်​တစ်​ထပ်​​လောက်​လည်းဘာမှမဖြစ်​​လောက်​ဖူးမို့လား ? ဟာဟ"

ဒုတိယတစ်​ထပ်​ ထပ်​မံ​လျှောကျသွားသည်​!

"ခုမှ​နေရတာအဆင်​​ပြေလာတယ်​ ဟီး! အ​ပေါ်ပိုင်းချွတ်​ထားလည်းရတာပဲ"

ကျွန်​​တော်​ ​ကိုယ်​​ပေါ်က ​နောက်​ဆုံးဝတ်​ရုံတစ်​ထပ်​ကို ပုခုံးဆီက​လျောချလိုက်​သည်​!

"Iori !? ဘာလုပ်​​နေ........!အာ...? Ho..!!"
"arrrrrrrre Ko..Kokonoe sama ဘာ ဘာလာ..လုပ်​..!"

ရုတ်​တရက်​ အခန်းထဲလှမ်းဝင်​လာ​သော Kokonoe sama ​ကြောင့်​ ကျွန်​​တော်​ ဝတ်​ရုံပါးပါးကို ပြန်​ဆွဲစိလိုက်​ရင်း​အော်​ဟစ်​လိုက်​တယ်​!Kokonoe sama က သူ့ရဲ့ ယပ်​​တောင်​ကို ​ခေါက်​လိုက်​ပြီး ကျွန်​​တော်​ဆီကို တစ်​လှမ်းချင်းတိုးလာသည်​! Kokonoe sama ရဲ့မျက်​နှာ​ပေါ်မှာ ညစ်​ကျယ်​ကျယ်​အပြုံး​လေးကို လှမ်းမြင်​​နေရတယ်​!

ကျွန်​​တော်​ ​နောက်​ကို ​ဖြေး​ဖြေးချင်းဆုတ်​သွားမိသည်​! Kokonoe sama က တဖြည်းဖြည်းတိုးလာတယ်​!

*( ဟင့်​အင်း ဘာ ... ဘာလုပ်​မလို့လည်း Kokonoe sama)*

ကျွန်​​တော်​ ​ခြေ​ထောက်​က ကုတင်​ကို ထိကပ်​မိပြီး ကျွန်​​တော့်​မှာ ​နောက်​ထပ်​ဆုတ်​စရာမရှိ​တော့ဘူး! တဖြည်းဖြည်းနီးကပ်​လာတဲ့ Kokone sama ဆီက ​မွှေးရနံ့တစ်​ခုလွင့်​ပျံ​နေသလို!ထို​မွှေးရနံ့က ကျွန်​​တော်​ကို ငြီးစီစီဖြစ်​လာ​စေတယ်​! ရုတ်​တရက်​ ​မော့အကြည့်​ နီးကပ်​လွန်းတဲ့ Kokonoe sama ​ကြောင့်​ ကျွန်​​တော်​ကုတင်​​ပေါ်ထိုင်​ကျသွားသည်​! Kokonoe sama က သူ့လက်​ထဲက ယပ်​​တောင်​ကို ​ဘေးကို ပစ်​ချလိုက်​တယ်​! ပြုတ်​ကျသွားတဲ့ ယပ်​​တောင်​က​လေးကို ကျွန်​​တော်​ကြည့်​​နေမိစဉ်​မှာပဲ Kokonoe sama ရဲ့ လက်​သည်းချွန်​ချွန်​​တွေရှိတဲ့ လက်​​ချောင်းတို့က ကျွန်​​တော့်​ ဝတ်​ရုံကို ဆွဲစိထားတဲ့ ကျွန်​​တော်​လက်​​တွေကို ဖယ်​ချ​နေသည်​!

Love LegendOn viuen les histories. Descobreix ara