Chapter 3

20.6K 2.1K 5
                                    

Zawgyi Version

အေးစိမ့်​စိမ့်​ အထိအ​တွေ့တစ်​ခု​ကြောင့်​ ကျွန်​​တော်​ နိုးလာသည်​! မျက်​လုံးများပွတ်​သပ်​ကြည့်​မိ​တော့ ​စော​စောက ကျွန်​​တော်​ အိပ်​​နေတဲ့ အခန်းနဲ့မတူ​တော့သလိုလို!? အခန်း​ထောင့်​​တွေမှာ အပြာ​ရောင်​ မီး​တောက်​က​လေး​တွေ​တွေ့​နေရသည်​!

*( ဒါ ဒါဘယ်​​နေရာလည်း?)
အ​တွေးတို့က ဇ​ဝေဇဝါ! ​ပတ်​ဝန်းကျင်​​လေထုက စိမ့်​စိမ့်​​လေး​အေး​နေ၍ ကျွန်​​တော့်​ ဝတ်​ရုံဖားဖားကို ဆွဲစိထားမိသည်​!

"Shijou ​ကောင်​​လေး"

နောက်​တဲ့တဲ့ ဆီမှ ကြားလိုက်​ရတဲ့ ​အေးစက်​စက်​အသံ​ကြောင့်​ ကျွန်​​တော်​ တကိုယ်​လုံး ​မွေးညှင်း​တွေ​ထောင်​ထလာသည်​!

"ဘယ်​ ဘယ်​သူလည်း?"

ကျွန်​​တော်​ တုန်​တုန်​ယင်​ယင်​နဲ့ ​နောက်​ကိုလှည့်​ကြည့်​လိုက်​တယ်​!
အခန်း​ထောင့်​က အပြာ​ရောင်​မီး​တောက်​က​လေး​တွေရဲ့ အလင်း​ရောင်​နဲ့ ကျွန်​​တော်​မြင်​လိုက်​ရတာ ​ငွေမှင်​​ရောင်​ ဆံနွယ်​ရှည်​​တွေ..............

"Koko...no..e sama"

Kokonoe sama က လက်​ထဲက ယပ်​​တောင်​ကို ​ခေါက်​လိုက်​ပြီး ကျွန်​​တော်​ ​မေးဖျားကို ပင့်​ယူလိုက်​သည်​!

"ah~"

ရုတ်​တရက်​ နီးကပ်​သွားတဲ့ မျက်​နှာနှစ်​ခု ..........
ကျွန်​​တော်​ အာ​ခေါင်​​တွေ​ခြောက်​ကပ်​လာတယ်​ ! Kokonoe sama ရဲ့ သူငယ်​အိမ်​ကျဉ်းကျဉ်း အပြာ​ရောင်​မျက်​လုံးတို့က ကျွန်​​တော်​ တကိုယ်​လုံးကို ထိုး​ဖောက်​ကြည့်​​နေသ​ယောင်​!

"ဘာလို့ စ​တေးခံက ​ယောကျာ်း​လေးဖြစ်​​နေတာလည်း ? မင်းတို့ Shijou ​တွေ ငါ့ကို မလှိမ့်​တပတ်​လုပ်​​နေတာလား? ဟမ်​?"

အေးစက်​စက်​ တစ်​လုံးချင်း​မေးလိုက်​သံက ကျွန်​​တော့်​ကို ​အေးခဲသွား​စေသည်​!

"မ မဟုတ်​...."

ရှိသမျှ အားအင်​တို့ကို စုစည်းပြီး ကျွန်​​တော်​ ပြန်​ရှင်းပြဖို့ကြိုးစားတယ်​ ! ဒါ​ပေမယ့်​ စကားလုံးတို့က တဝက်​တပျက်​ မပီမသ ဖြစ်​​နေတယ်​! စိတ်​ကို အတတ်​နိုင်​ဆုံး ချုပ်​တည်းပြီး အသက်​ဝဝရှုကာ.........

Love LegendDär berättelser lever. Upptäck nu