Chapter 12

19.5K 1.8K 17
                                    

Zawgyi Version

*Yawn*

မနက်​ ကျွန်​​တော်​နိုးလာ​တော့ ​နေ​ရောင်​ခြည်​တချို့​တောင်​ အခန်းထဲကျ​ရောက်​လို့​နေပြီ! ကျွန်​​တော်​ အိပ်​ယာ​ပေါ်က ထထိုင်​လိုက်​တယ်​!

"အာ ထူးဆန်းတယ်​!??"

မ​နေ့က တစ်​​လျှောက်​လုံးနာကျင်​​နေတဲ့ ခါးက အခု​တော့ သူမဟုတ်​သလိုပဲ!

"​သေချာ အနားယူလိုက်​လို့​ပျောက်​​သွားတာလား? ထူးဆန်းတယ်​ ! အဲ့ဒါထက်​ ညက အိမ်​မက်​ကပိုထူးဆန်းတယ်​"

အိမ်​မက်​ထဲမှာ Kokonoe sama က လက်​တစ်​ဖက်​နဲ့ ကျွန်​​တော့်​ကို သိုင်းဖက်​ထားတယ်​! ကျန်​တဲ့ လက်​သည်းချွန်​ချွန်​​တွေနဲ့လက်​တစ်​ဖက်​က ကျွန်​​တော့်​ဝတ်​ရုံကို အသာ ဖယ်​ချကာ ​ကျောပြင်​ကို မှတဆင့်​ ခါးဆီကို ခပ်​ရွရွပွတ်​သတ်​လို့​နေသည်​! ကျွန်​​တော်​ ​နေရခက်​စွာ Kokonoe sama ကို သိုင်းဖက်​ထားလိုက်​မိသလိုပဲ! တဆစ်​ဆစ်​နာကျင်​​နေတဲ့ခါးက Kokonoe sama ရဲ့ လက်​​ချောင်း​တွေ​အောက်​မှာ နာကျင်​မှု​လျော့ပါးလာသလိုလို !အဲဒိ​နောက်​ Kokonoe sama က ကျွန်​​တော့်​ကို ကုတင်​​ပေါ်လှဲချ​စေပြီး ကျွန်​​တော့်​ခါးထက်​ဆီ ခပ်​ဖွဖွ အနမ်း​လေး​ပေးသွားသည်​!

"Arrrrrrrrrrrrrrrrrrrrrrrrrrr!!!!!!"

အိမ်​မက်​ကို အမှတ်​ရမိခြင်းက ကျွန်​​တော်​ကို အထိန့်​တလန့်​​အော်​လိုက်​မိ​စေတယ်​!ခါးကို အမှတ်​တမဲ့ကိုင်​ထားမိရင်း ကျွန်​​တော့်​မျက်​နှာ​တွေထူပူလာသည်​!

"ဟင့်​အင်း ဟုတ်​​သေးပါဘူး အိမ်​မက်​ပဲဖြစ်​မှာပါ အိမ်​မက်​! "

ကျွန်​​တော်​ ​ဘေးဘီကို ပြူးပြဲကြည့်​မိ​သေးသည်​! Kokonoe sama များ ကျွန်​​တော့်​ အဖြစ်​ကို တစ်​​နေရာရာက ကြည့်​ပြီး​လှောင်​ရယ်​​နေမလားလို့! ကျွန်​​တော်​က​တော့​လေ အိမ်​မက်​​လေးတစ်​ခုနဲ့တင်​ကို နှလုံးပြုတ်​ကျမတတ်​ ရင်​​တွေခုန်​​နေမိတာ!

ပတ်​ဝန်းကျင်​မှာ ဘယ်​သူမှ ရှိမ​နေပါ! အခန်း​ထောင့်​မှာ Tenri က​တော့ ကျွန်​​တော်​လုပ်​​ပေးထားတဲ့ ခြင်းက​လေးထဲမှာ အိပ်​​မောကျ​နေတယ်​! ကျွန်​​တော်​ Tenri ကို ခပ်​ဖွဖွ ပွတ်​သတ်​မိ​တော့ ချစ်​စဖွယ်​ တစ်​ချက်​လူးလွန့်​ပြီး ကိုယ်​လုံး​သေး​သေး​လေးကို လုံးပြီး အိပ်​​နေတယ်​! ကျွန်​​တော်​ အခန်းတံခါးကို အသာပိတ်​ပြီး Kokone sama အ​ဆောင်​​တော်​ဆီထွက်​လာခဲ့သည်​!

Love LegendTahanan ng mga kuwento. Tumuklas ngayon