Chapter 8

18K 1.9K 11
                                    

Zawgyi Version

"အား ...... ကျွတ်​ ကျွတ်​"
ကျွန်​​တော့်​တစ်​ကိုယ်​လုံးကိုင်​ရိုက်​ထားသလို နာကျင်​​နေပြီး ​ခေါင်းတစ်​ခုလုံးလည်း ချာချာလည်​​နေတယ်​! ကျွန်​​တော်​ မျက်​လုံးကို အားယူပြီး ဖွင့်​ကြည့်​လိုက်​သည်​!

"ဘယ်​ ဘယ်​​နေရာလည်း?"

မှုန်​ဝါးဝါးမြင်​​နေရတဲ့ ​နေရာက အခန်းတစ်​ခုလိုလို! အရာရာ အနီ​ရောင်​ လွှမ်း​နေသည်​! Kokonoe sama ရဲ့ အခန်းလို အခန်း​ထောင့်​က အပြာ​ရောင်​ မီး​တောက်​က​လေး​တွေအစား အနီ​ရောင်​ မီး​တောက်​​က​လေး​တွေ​တွေ့​နေရတယ်​!

ကျွန်​​တော်​ ဘယ်​ကို​ရောက်​​နေတာလည်း? ​နောက်​ဆုံးမှတ်​မိလိုက်​သည်​က.............

"အားးးးးးးးးး"

ကျွန်​​တော်​​ကြောက်​လန့်​တကြားထထိုင်​လိုက်​တယ်​! ကျွန်​​တော်​ ​ချောက်​ထဲပြုတ်​ကျသွားတာ​လေ ! အခု အခု ဘယ်​လို ဘယ်​ကို.......ကျွန်​​တော်​ အ​တွေးတို့နဲ့ ​ဘေးဘီကို ပြူးပြဲကြည့်​​နေစဉ်​.....

"အိုး မင်းနိုးလာပြီပဲ"
အထက်​စီးဆန်​ဆန်​ အသံတစ်​ခုက ကျွန်​​တော်​ နား နားမှကပ်​လျှက်​ကြားလိုက်​ရတယ်​!

"A Aragami?"
"မင်း မှတ်​မိသားပဲ ​ခေါင်း​တော့ထိပုံမရဘူး"
"ဗျာ ?"
"Hahahhhahahah"
ဖြူစုပ်​သွားတဲ့ကျွန်​​တော်​မျက်​နှာကိုကြည့်​ပြီး Aragami က သ​ဘောကျစွာ ရယ်​​မောလိုက်​တယ်​!
"မ​ကြောက်​ပါနဲ့ မင်း ​ချောက်​ထဲ တကယ်​ပြုတ်​မကျပါဘူး တကယ်​သာကျသွားရင်​ အခု​လောက်​ဆို မင်းအရိုးတခြား အသားတခြားဖြစ်​ပြီ"
"ဟို ခင်​ဗျား ကျွန်​​တော့်​ကို ကယ်​လိုက်​တာလား?"
"အင်း ဆိုပါ​တော့ ...... မင်းက စိတ်​ဝင်​စားစရာ​ကောင်းတယ်​​လေ"

Aragami က ညစ်​ကျယ်​ကျယ်​ပြုံးရင်း ကုတင်​နားတိုးလာသည်! ကျွန်​​တော်​ ကုတင်​​ပေါ်မှာ ခန္ဓာကိုယ်​ကို အတတ်​နိုင်​ဆုံး ခြုံ့ထားမိတယ်​!

"ကျွန်​​တော်​ကို စားမလို့လားဟင်​"
"အာ... Ahahahahahahahahahaha"
Aragami က ဟက်​ဟက်​ပက်​ပက်​ ရယ်​လိုက်​ပြီး......
"အဲဒါ​ကြောင့်​မင်းကို စိတ်​ဝင်​စားစရာ​ကောင်းတယ်​လို့​ပြောတာ Hahaha ငါမင်းကိုမစားပါဘူး စားလိုက်​ရင်​ ဘယ်​​ပျော်​စရာ​ကောင်း​တော့မလည်း? အင်း နည်းနည်း​တော့ ​ဆော့ကစားအုံးမှ​ပေါ့ ! ဥပမာ ​ကြောင်​​တွေက သူတို့ အစာကြွက်​က​လေးကိုမစားခင်​​လို​လေ!"
ကျွန်​​တော်​ ​ကြောက်​​နေလျှက်​က ​ဒေါသ​ထောင်းခနဲထွက်​သွားမိသည်​!

Love LegendWhere stories live. Discover now