Chapter-1

4.6K 327 9
                                    

"ဟာ... ဒီတစ်ခါလည်း အဲ Maths နဲ့ပဲ ထပ်ကျပြန်ပီ... ဒုက္ခပါပဲ... Noonaကို ဘယ်လိုပြောရပ့"

Park Chan Yeol ဆိုသော တက္ကသိုလ် ပထမနှစ် ကျောင်းသားလေးသည် သူ့ သက်တမ်းတစ်လျှောက် ဖြေဆိုခဲ့သော လပတ်စာမေးပွဲတိုင်းတွင် Maths တစ်ဘာသာကို ဘဲဥပင် မကွဲအောင် ဖြေတတ်သောကြောင့် အမြဲလိုလို စာမေးပွဲ ကျလေ့ရှိသည်။ တစ်နှစ်တစ်တန်းအောင်လာရခြင်းမှာလည်း အတန်းတိုင်းတွင် professor ကြီးများ၏ အကူအညီဖြင့် အနီးကပ်သင်ကြားခွင့်ရ သောကြောင့်သာလျှင် စာမေးပွဲကြီးတွင် အမှတ်၎ဝဖြင့် ကပ်တီးလေး အောင်ခဲ့သူဖြစ်သည်။

ယခုနှစ်တွင်မူ အမဖြစ်သူအား ဒီနှစ် စာမေးပွဲ လုံးဝမကျစေရဘူးဟု ကတိပေးထားသဖြင့် အမအား မည်သို့ လှည့်ပတ်ပြောရမည်ကို အကြံအိုက်နေရသည်။

PCY's pov>>>
တိုက်ခန်းရှေ့တောင်ရောက်နေပီ... ဝင်ရင်ကောင်းမလား... မဝင်ရင်ကောင်းမလား... အခန်းထဲဝင်လိုက်တာနဲ့ Noona က result ကို မေးတော့မှာဗျ!!! ကြောက်တယ်...

"Fighting ParkChanYeol!!!
ယောက်ျားလေးပဲ လုပ်ရဲရင် ခံရဲရတယ်..."

ဂလောက်* (တံခါးဖွင့်သံ)

"ဟင် o.O"

"အယ်"

ဘာ... ဘာလုပ်နေကြတာလဲ???
ဘယ်သူတေလဲ???

"အာ... ညီ... ပြန်... ပြန်ရောက်ပီလား... ဝင်... ဝင်လာလေ..."

Zhang YiXing ဆိုသူက ကျွန်တော့်ကို ကြောက်၂လန်၂နဲ့ လှမ်းပြောတယ်။ ကိုယ့်အိမ်ကိုယ့်ဝင်တာကို သူက ဧည့်ဝတ်လာပြုနေတယ် -.- သူ့ကို သိပ်သိတာပေါ့... ကျွန်တော့်အမရဲ့ ချစ်သူလေ... အိမ်ကို အမြဲလိုလို ဝင်ထွက်နေကျဆိုတော့ နည်းနည်းရင်းနှီးတယ်။ နည်းနည်းပါပဲ...

ဒါနဲ့... ဒီဘက်က တစ်ယောက်က ဘယ်သူလဲ... တစ်ခါမှလည်း မမြင်ဖူးပါလား...

"သူ... သူက...Wu Yi Fan လေ... အကို့ သူငယ်ချင်း ဟဲ"

ဘယ်သူမှလည်း မမေးဘဲနဲ့... သူ့ဘာသူ အိုးမလုံအုံပွင့်နေတယ်။ ဖြစ်မှာပေါ့... သူများတကာ အိမ်ရဲ့ ဧည့်ခန်းမှာမှ လာဖြစ်ပျက်နေကြတာကိုး...

ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းက...
ယောက်ျားချင်း Kissing ဆွဲနေတာဗျ!!!
Zhang YiXing ဆိုသူနဲ့ Wu... Yon Far... ဆိုလား... ဘာလား... မသိဘူး။ အဲဘိုးတော်နှစ်ယောက်လေ...

အယ် နေစမ်းပါအုံး... Zhang YiXing က ကျွန်တော့် အမရည်းစားမဟုတ်ပါလား!!!
ဒါလည်း ငါ့သောက်လုပ်မှ မဟုတ်တာပဲလေ...

"အဟမ်း... ဘေးဖယ်စမ်းပါ... ဒီမှာ လမ်းပေါက်ပိတ်နေတယ်။"

ဒီမှာ စာမေးပွဲကျလို့ ညစ်နေရတဲ့အထဲ ဒင်းတို့က သူများအိပ်ပေါ်တက်ပြီး မဆင်မခြင်လာလုပ်နေတယ်။

"Chanyeollie လား"

အခုမှ အမဖြစ်သူက မီးဖိုချောင်က ထွက်လာပြီး လှမ်းမေးတယ်။
ဟင်... Noonaက အိမ်မှာပဲရှိနေတာလား... ဒါဆို ဟိုနှစ်ယောက်က...

"အော်... Yoora... ပီး... ပီးပီလား..."

"ပီးတော့မှာ ကိုကိုရဲ့... Yoo့ ကို လာကူပါလား"

"အင်အင်... လာပီ"

Noona က သူ့ရည်းစားကို လှမ်းခေါ်ပြီးတာနဲ့ မီးဖိုခန်းထဲ ဝင်သွားတယ်။

"ဟေ့ကောင်... လွှတ်စမ်းပါ... ငါသွားရမယ်လေ"

ဟို Wu... ဘာဆိုလား... အဲလူက ကျွန်တော့်အမရည်းစားကို လက်လှမ်းဆွဲထားတာဗျ။

ငါအလုပ်မဟုတ်ဘူးလေဆိုပြီး ကျွန်တော့် အခန်းထဲပဲ ဝင်သွားလိုက်တယ်။ စာမေးပွဲကျတာကို မကျအောင် အမကို ဘယ်လိုပြောရမလဲဆိုတာ ဉာဏ်နီဉာဏ်နက်ထုတ်သုံးရအုံးမှာလေ...

ကိုယ်လည်းကိုယ့်အပူနဲ့ ကိုယ်ကိုးဗျ!!!

A Cup of Love #Completed#Where stories live. Discover now