Chapter-4

2.5K 256 13
                                    

"Park Chanyeol!!! မင်းအဲလောက်တောင် ညံ့ရသလား။ ၆နဲ့ ၂၇ပေါင်းတာ ဘယ်လိုလုပ် ၆၂၇ ဖြစ်သွားရတာလဲ။ ဒါလေးတောင် ဖြစ်မြောက်အောင် မပေါင်းနိုင်ရင် ကလေးတန်းပြန်ဆင်းတော့"

သူပေါင်းခိုင်းလို့လည်း ပေါင်းပေးရသေးတယ်။ မှားတော့ အပြစ်လာပြောနေတယ်။

"ခင်ဗျားပဲ ပေါင်းဆိုတော့ ပေါင်းပေး လိုက်တာလေ"

"မင်းငါ့ကို ရွဲ့နေတာလား Chanyeol"

"ဟုတ်တယ်"

"ဟူးးး..."

သူနဲ့ Yixing အကြောင်းမပြောပြရင် စာမလုပ်ဘူးဆိုပီး ကျွန်တော် ဆန္ဒပြနေတာလေ။

"ငါတို့အကြောင်းသိတော့ရော မင်းက ဘာလုပ်မလို့လဲ..."

"သိချင်လို့ပါ... ကပ်စေးမနည်းနေပါနဲ့... ပြောပြလိုက်တော့"

မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ရှိနေတဲ့ သူက ကျွန်တော့်ဘက် မျက်နှာမူနေရာကနေ ပြတင်းပေါက်ဘက်ကို လှည့်သွားတယ်။

"အင်... ဘယ်လိုပြောရမလဲ... ငါတို့နှစ်ယောက်က ငယ်သူငယ်ချင်းတေဆိုပါတော့... Zhang YiXing... သူဆိုတာလေ မင်းထင်မထားနိုင်လောက်အောင်ကို စိတ်ထားပြည့်ဝတဲ့သူ... ငါဆို အမြဲ အနိုင်ကျင့်နေကျ ဟဟ..."

Zhang YiXing အကြောင်းပြောတာကို ပြုံးရယ်နေလိုက်တာများ... သူပျော်နေတာကို ကျွန်တော်က ဘာလို့ လိုက်မပျော်ပေးနိုင်ရတာလဲ??? မင်းလိုချင်တာ ဒါပဲ မဟုတ်လား Park Chanyeol!!!

"သူ့ရည်မှန်းချက်က ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့တဲ့... ငါက ကမ္ဘာကျော်ရုပ်ရှင်မင်းသားဖြစ်ချင်တာ... ငါသာ အဲအလုပ်ကို ရွေးလိုက်ရင် သူ့နဲ့ ဝေးကွာသွားနိုင်တယ်လေ... ဒါကြောင့် ဒီအလုပ်ကို သူ့နဲ့ တူတူရွေးချယ်လိုက်တာ"

"သူက ကျွန်တော့်အမနဲ့ ချစ်သူဖြစ်နေတာရော ခင်ဗျားမသိဘူးလား"

လျှာရှည်လိုက်တဲ့ ငါ့ပါးစပ် ><
ဟင့်အင်း... ကျွန်တော့် သူ့ခံစားချက်မှန်သမျှ သိချင်နေမိတယ်...

"ဟက်... ကိုယ် ကနေဒါမှာ နှစ်နှစ်လောက် သွားနေလိုက်ရသေးတယ်လေ။ သူက ဒီမှာ တာဝန်ကျတော့ ငြိသွားတာ နေမှာပေါ့..."

A Cup of Love #Completed#Tahanan ng mga kuwento. Tumuklas ngayon