Chapter-6

2.3K 243 2
                                    

PCY's pov >>>
"မင်းလက်ကို ငြိမ်၂ထားမှပေါ့"

အားးးးး အဲလို ကပ်မပြောနဲ့ ခင်ဗျားကြီးရဲ့....
တခါတခါ ဒီလိုလုပ်ပါ ဟိုလိုထားပါပြောတာလေးကို နားနားကပ်ပြောတာကြောင့် ကျွန်တော့်မှာ နှလုံးရောဂါရမယ်။

"ခင်ဗျား... အနောက်... နည်း၂... ဆုတ်"

"ကိုယ်ထိုင်ရတဲ့နေရာလေးကိုလည်း ကြည့်အုံး... ထပ်ဆုတ်ရင် ကျသွားမှာပေါ့"

ဟုတ်တယ်။ ကျွန်တော်တို့နှစ်ယောက် အရမ်းကို နီးကပ်နေတဲ့ အနေအထားမှာ...

ကျွန်တော်အသက်တောင် မရှူရဲဘူး...
ပေါက်ထွက်မတတ်ခုန်နေတဲ့ ကျွန်တော့်ရဲ့ ရင်ခုန်သံကို မကြားစေချင်ဘူး... သူ့အတွက် ဖြစ်တည်လာတဲ့ ရင်ခုန်သံ...

ကျွန်တော့်ဘက်ကပဲ ရင်ခုန်နေတာ သိပ်တော့ မတရားဘူးမလား။

WYF's pov >>>
ကျွန်တော်တို့ရဲ့ အနေအထားကို သိပ်သဘောမကျဟန်နဲ့ လှုပ်၂ရွ၂ဖြစ်လာတဲ့ ဒီကောင်လေးကို ငြိမ်၂နေဖို့ ပြောရပြန်တယ်။

"ငြိမ်၂နေစမ်း Park Chan Yeol!!!"

သူအငြိမ်မနေသလို ကျွန်တော့်ရင်ဘတ်က ဒီအကောင်ကလည်း အငြိမ်မနေဘူး!!!

"ဟာ... ခင်ဗျားကြီးက အရမ်းကပ်နေတာ... ကျွန်တော်မနေတတ်ဘူး..."

ခပ်တိုး၂လေးဆိုလာတဲ့ ကောင်လေးအသံက ရှက်နေမှန်းသိသာတယ်။ မင်းလေးက သိပ်စလို့ ကောင်းတယ်။

"ကိုယ်ကတော့... ဒီလိုအနေအထားကို ကြိုက်တယ်"

ဒီတစ်ခါတော့ ကောင်လေးလက်ပေါ်က ကျွန်တော့်လက်ကို အလုပ်ပေးလိုက်တယ်။

"ဟင်... အင်... ကျွန်တော့်... ကို လွှတ်..."

သူ့အင်္ကျီကြယ်သီးကြားကို လက်ချောင်းလေး တိုလျှိုဝင်စေလိုက်ပြီး ကောင်လေးရဲ့ ဗိုက်သားလေးကို ပွတ်သပ်နေမိတယ်။

"မင်း... ကြိုက်... တယ်... မလား..."

တစ်ဖန် သူ့ပါးအိအိလေးကို ဖိကပ်နမ်းမိတယ်။

"ဟင့်အင်း!!! မ... ကြိုက်ဘူး... ဟင့်"

ကျွန်တော့်နှုတ်ခမ်းဖျားပေါ်မှာ ငံကျိကျိအရသာ ရတော့မှ ကောင်လေးကို ကြည့်လိုက်မိတယ်။

"မင်းကို ငိုအောင် ကိုယ်လုပ်မိပီ"

တအိအိငိုနေတဲ့ ကောင်လေးကို ပေါင်ပေါ်ဆွဲတင်ကာ ထိုင်စေပြီး သူ့မျက်ဝန်းက ကျလာတဲ့ မျက်ရည်စတိုင်းကို ဖွ၂လေး သုတ်ပေးနေမိတယ်။

မင်းလေးနဲ့ကျမှ ကိုယ်လည်း နူးညံ့တတ်လာသလိုပဲ~~~

"မငိုနဲ့တော့..."

ချော့နေတာကို ပိုငိုလာတယ်။
ကလေးတေကို အငိုတိတ်အောင် ကျွန်တော်မချော့တတ်ဘူးဗျ!!!

"ကျွန်တော့်... ကို... ဟင့်... ခင်ဗျားက... ဘယ်လို... ရွှတ်... သဘောထားတာလဲ... ဟင့်"

ကျွန်တော် ကောင်လေးအပေါ် ဘယ်လို သဘောထားနေလို့လဲ???

"မင်းမေးတဲ့ မေးခွန်းအတွက် ကိုယ့်မှာ အဖြေမရှိဘူး ကလေး..."

ကလေးဆိုတဲ့ အသုံးအနှုန်းကို သူ့ဘာသာ နှုတ်က ကျွန်တော်မသိလိုက်ပါပဲ ထွက်သွားခဲ့တာ...

"ကျွန်တော်အိပ်ချင်ပီ..."

ပြောရင်း ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကောင်လေးကို ခိုလှုံခွင့်ပေးမိပြန်တယ်။

"အပေါ်တက်မယ်လေ"

"ကျွန်တော် လမ်းမလျှောက်ချင်ဘူး"

ဒီလိုလည်း မင်းက ချွဲတတ်တာပဲလား။

"ကိုယ်ပွေ့သွားပေးမယ်"

"အင်..."

ကုတင်ပေါ်အသာအယာချပေးလိုက်တော့ သူက တဖက်လှည့်သွားကာ ကျွန်တော့်ကို ကျောပေးလိုက်တယ်။

ကလေးမေးသလိုပဲ ကိုယ်တို့ အခြေအနေက ဘာလဲပဲနော်~~~

(Living together လေ xD)

A Cup of Love #Completed#Where stories live. Discover now