Chapter-11

2.1K 234 5
                                    

PCY's pov>>>
"ကျွန်တော် ခင်ဗျားအတွက် Zhang Yixing လို အရေးပါသူတစ်ယောက်ဖြစ်ချင်ခဲ့တာ... ဒါပေမယ့် အခုပုံစံက ကျွန်တော်က... ဟင့်..."

"ဒါမင်းအပြစ်မှ မဟုတ်တာ... မငိုပါနဲ့..."

"ဟင့်..."

ကျွန်တော် သူ့ရင်ခွင်ကို တစ်ဖန် အားကိုးမှီခိုမိပြန်တယ်။

"ခင်ဗျား... မကြောက်ဘူးလား..."

သူ့ရင်ခွင်ထဲ မှေးစက်ရင်းသာ ကျွန်တော်ဆိုမိတယ်။

"ဟင်... ကိုယ်က ဘာကိုကြောက်ရမှာလဲ..."

"ကျွန်တော်ဆိုလိုချင်တာက..."

သူ့အတိတ်ကြောင်းတွေးလိုက်တိုင်း ဘာလို့ Zhang Yixing ဆိုတဲ့ လူက ကျွန်တော့်အတွေးထဲ ရောက်၂လာရတာလဲ?
ကျွန်တော့်စကားတို့က ရှေ့ဆက်မလာတော့...

"ကိုယ်အဆင်ပြေပါတယ်... ဒါပေမယ့် မင်းဆက်ငိုနေမယ်ဆိုရင်တော့ ကိုယ်အဆင်မပြေဘူး ကလေး..."

အမှန်ပါ... သူ့စကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ရင် ဗြောင်ဆန်ကုန်တာ...
ဘာလို့လဲ ဆိုတဲ့ အကြည့်နဲ့ မော့ကြည့်ပေးလိုက်တော့...

"ဒီမှာကြည့်လေ... ကိုယ့်အင်္ကျီတစ်ထည်လုံးလဲ မျက်ရည်တေရော နှာရည်တေရောနဲ့ ရွှဲလို့!"

"ဟာ!!! ခင်ဗျားကြီး အကျင့်မကောင်းဘူး!!!"

"ဟားဟား!!! အ့!!! နာတယ် Chanyeol... မလုပ်နဲ့ကွာ... ဟေးးး!!!"

ကြည်နူးတာလေးတောင် ပျောက်သွားတယ်။ စိတ်တိုလို့ ဗိုက်ခေါက်သွားဆွဲပေးလိုက်တယ် :3
ကျွန်တော် Park Chanyeol ရဲ့လုပ်ရပ်က နည်း၂တော့ ကြောင်တောင်၂နိုင်တယ်မလား။ ချစ်သူရည်းစားလည်းမဟုတ်ပါဘဲနဲ့ သူများသားသမီးကို အနိုင်ကျင့်နေတာလေ :3

ဟိုလူကြီးက ပိုတောင် ကြောင်တောင်၂ နိုင်သေးတယ်။ ကျွန်တော်လုပ်သမျှ ဟက်၂ပက်၂ ရယ်ပီးကို ငြိမ်ခံနေတာ x3

ကျွန်တော်တို့နှစ်ယောက် ဒီအခြေအနေလောက်ဆို နားလည်မှုရလောက်ပီ ထင်ပါရဲ့...
ကျွန်တော့်မှာ မေးခွန်းတေအများကြီး ရှိနေလင့်ကစား ထုတ်မမေးခဲ့ပါ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ...
<<<

A Cup of Love #Completed#Where stories live. Discover now