Chapter-15

3K 284 9
                                    

WYF's pov>>>
"မင်းသိပ်တရားလွန်နေပီ Chanyeol!!!"

"Hey!!! ဘာဖြစ်ကြပြန်ပီလဲ"

"Yixing မင်းပြန်လိုက်တော့။ သူနဲ့ငါ့ကိစ္စ မင်းဝင်မပါနဲ့"

ကျွန်တော်ဆွဲခေါ်ရာနောက် မရုန်းဘဲ လိုက်ပါလာတဲ့ ကောင်လေး... ကားပေါ်ရောက်တဲ့ အထိ စကားတစ်ခွန်းမှ မဟဘူး။
နှစ်ဖက်ဆက်ဆံရေးဟာ ဘာမဟုတ်တဲ့ အကြောင်းရင်းတစ်ခုကြောင့် တင်းမာနေဆဲ...
ကောင်လေးဟာ အလျှော့ပေးမယ့်ပုံမပေါ်...

ကျွန်တော်နေတဲ့ ကွန်ဒိုရှေ့ရောက်တော့ ကားပါကင်တောင် မထိုးရသေးဘူး စိတ်လိုက်မာန်ပါ ဆင်းသွားတဲ့သူ...

"Park Chanyeol!!!"

လှည့်မကြည့်... သူကျွန်တော့်ဒေါသကို လာဆွနေတာ... ကျွန်တော်လည်း ကားကို ရောက်ရာအရပ်မှာ ထိုးရပ်ပြီး သူ့နောက်လိုက်သွားတယ်။

အခန်းထဲရောက်တော့လည်း အပေါ်တက်မယ်ကြံနေတဲ့ သူကို စကားနဲ့ လှမ်းတားလိုက်တယ်။

"မင်းဟာ ဘယ်တော့မှ ကိုယ့်အချစ်ကို မြင်လာမှာမဟုတ်ဘူး"

ဒီတော့မှ ကောင်လေးဟာ ကျွန်တော့်ကို စကားစပြောလာတယ်။

"ခင်ဗျားကရော ကျွန်တော့်ကို ချစ်လို့လား"

"ကိုယ်မင်းကို မချစ်ဘူးလို့ ဘယ်တုန်းက ပြောဖူးလို့လဲ"

"ဘယ်သူသိနိုင်မှာလဲ... ခင်ဗျားကျွန်တော့်ကို ကစားနေတာလည်း ဖြစ်နိုင်တာပဲ..."

ကျွန်တော် သူ့ကို ကစားမနေဘူးဆိုတာ သိရက်သားနဲ့... ဒီနှလုံးသားက သက်သေပဲလေ...
ကျွန်တော် သူ့ကို ချစ်တာ ဘယ်လိုပြောမှ သူယုံမှာလဲ?

"ကောင်းပီ... ကိုယ်တို့ ဒီကိစ္စကို ဒီမှာပဲ ရှင်းရအောင် Chanyeol... မင်းလည်း မင်းမကျေနပ်တာတေ အကုန်ထုတ်ပြော... ကိုယ်လည်း ကိုယ်မကြိုက်တာတေ မင်းကို ပြောမယ်"

ဟုတ်တယ်... ကျွန်တော်တို့နှစ်ယောက် ထိပ်တိုက်ဖြေရှင်းမှကို ဖြစ်တော့မယ်။ ချစ်သူဖြစ်လင့်ကစား ဒီကိစ္စချည်းပဲ အပ်ကြောင်းထပ်ရန်ဖြစ်နေလို့ ဒီ RS က ရေရှည် တည်တံ့မှာတဲ့လား...

A Cup of Love #Completed#Where stories live. Discover now