Chapter-12

2.3K 240 5
                                    

WYF's pov >>>
"ကိုယ်မင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ"

ရေးကြီးသုတ်ပြာပြေးလာတဲ့ ကောင်လေးကို မကြည့်ဘဲ ပြောလိုက်တဲ့ စကား...

"ခင်ဗျားဘာလို့ နောက်ကျနေတာလဲ... ပြောစရာရှိတယ်ဆိုလည်း အိမ်ရောက်မှ ပြောပါလား။ ဘာလို့ ဒီထိထွက်လာခိုင်းရတာလဲ။ ကျွန်တော့်ကို စိတ်ပူအောင်..."

ကျွန်တော် သူ့ကို လမ်းထိပ်က ပန်းခြံအသေးလေးမှာ ချိန်းလိုက်တာပါ... ကျွန်တော့် message ထဲမှာ သူလေးစိတ်ပူစေမယ့် စာမျိုးမပါဘူး ထင်တာပဲ...

"ဒီမှာပဲ ပြောရအောင်"

"ညဖက်ကြီး... ပီးတော့ ရာသီဥတုကလည်း အခြေအနေမကောင်းဘူးနော်... မဲမှောင်နေတာပဲ"

သူပြောမှ သတိထားမိတယ်။ ညတာရှည်တော့ ချက်ချင်းကို မှောင်ကျသွားလိုက်တာများ... ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးရွာနိုင်ချေရှိတယ်။

"Chanyeol..."

"Ommm... ဘာ... ဘာလဲ"

ကျွန်တော်နဲ့ မျက်လုံးချင်းမဆုံသေးတဲ့ ကောင်လေး... အတင်းကာရော လိုက်ညှိယူမနေတော့ပါဘူးလေ...

"ကိုယ့်ကို ဘယ်လိုမြင်လဲ"

"ဘာကို... ဘယ်လို မြင်ရမှာလဲ..."

"ကိုယ့်အကြောင်းသိတာဆိုလို့ မင်းရယ် Yixing ရယ်ပဲ ရှိတာလေ..."

"အဲ Yixing ဆိုတဲ့ နာမည်ကျွန်တော့်ရှေ့မှာ မပြောပါနဲ့လား"

"Ahh... ဘာဖြစ်လို့လဲ"

"မသိဘူး... ကျွန်တော်မကြိုက်ဘူး"

"အင်းပါ... ကိုယ်မင်းကို ပြောဖူးပါတယ်။ ကိုယ်က ပစ္စုပ္ပန်လူသားပါလို့... အတိတ်တေကို ပြန်တူးမဆွသလို အနာဂတ်ကိုလည်း ကြိုတင်အကွက်ချတတ်သူမဟုတ်ဘူး Chanyeol... ကိုယ့်မှာ အတိတ်ဆိုး ရှိခဲ့တယ်နော်... ဒါပေမယ့် ကိုယ်အခု အဲလိုမှ ကြုံမနေတာ ကိုယ်နေနိုင်တယ်လေ... ကိုယ် Yi... ahh sry... သူ့ကို ချစ်ခဲ့တယ်နော်... ဒါပေမယ့် သူက Yoora အပိုင်ဖြစ်သွားပီပဲ... ကိုယ်ခံစားမနေဘူး"

A Cup of Love #Completed#Where stories live. Discover now