Chapter-8

2.3K 265 11
                                    

PCY's pov>>>
"ဒီနေ့ ကိုယ့်ကားနဲ့ပဲ သွားရအောင်"

ကျွန်တော်ပြင်ပေးထားတဲ့ မနက်စာကို စားနေရင်းက ပြောလာတဲ့ သူကြောင့် နားမလည်သလို ပြန်မေးလိုက်တယ်။

"ဘယ်ကို?"

"မင်းတို့ ကျောင်းလေ..."

"အမ်!!!"

ကျွန်တော်တို့ကျောင်းကို တကယ်ကြီးပြောင်းလာပီဆိုတဲ့ သဘောလား o.O

"ဘာလို့လဲ... ဟိုဘက်ကျောင်းမှာလည်း ခင်ဗျား လစာကောင်းနေတာပဲကို"

"ကိုယ်ငွေရေးကြေးရေးတေ သိပ်ခေါင်းထဲထည့်တဲ့သူမဟုတ်ဘူး Chanyeol... မင်းကို အနီးကပ်သင်ပေးချင်လို့"

အလို!!! ကျွန်တော့်အတွက်နဲ့ ပြောင်းလာတာ!!! ပီးတော့ အနီးကပ်သင်ပေးချင်လို့!!!

"မလိုပါဘူး။"

မလိုဘူးသာ မူပီးပြောကြည့်တာ အမှန်တော့ ရင်ထဲမှာ ကြည်နူးနေမိတယ်။ ကျွန်တော်ရဲ့  အနီးနားမှာ ရှိချင်လို့ ပြောင်းလာတာပဲလေ အဲလိုသဘောပဲမလား :3

"မလိုဘူးသာပြောတာ မျက်နှာက ပြုံးစိစိနဲ့နော်"

"ဟင်!!!"

ကျွန်တော့်မျက်နှာက သိပ်သိသာလွန်းနေတာလား? သူကပဲ မျက်နှာရိပ်မျက်နှာကဲ သိပ်ဖတ်တတ်လွန်းနေတာလား?

"ဘာကိစ္စ ကျွန်တော်က ပြုံးစိစိဖြစ်ရမှာလဲ ><"

"ကဲ စားပီးသောက်ပီး မြန်၂သိမ်းဆည်းတော့ ကျောင်းနောက်ကျလိမ့်မယ်"

ကျွန်တော့်ကို သူ့ထမင်းချက်များမှတ်နေလား မသိဘူး။ အဲဘိုးတော်က ကိုယ်စားတဲ့ ပန်းကန်တောင် မဆေးဘူး။ အိမ်အလုပ်လည်း ဘာမှ ကူမလုပ်ဘူး။ အလွန်ဆုံး သူ့ underwear တောင် သူကိုယ်တိုင် လျှော်တာမဟုတ် :3

Grrrr!!! ဒါတော့ လွန်လွန်းတယ်မဟုတ်လား?

"Park Chanyeol မပီးသေးဘူးလား။ ဒါလေးဆေးတာကို မပီးနိုင် မစီးနိုင်"

"ခင်ဗျားလာလုပ်ကြည့်ပါလား။ ကျွန်တော့်ကို အပြစ်ပဲ မပြောနေနဲ့"

ကွန်ဒိုကြီးလည်း မနက်တိုင်း ကျွန်တော်တို့ နှစ်ယောက်ရဲ့ အသံစာစာနဲ့ ဆူညံလို့...

A Cup of Love #Completed#Where stories live. Discover now