Chapter-2

2.9K 248 12
                                    

ဒေါက်... ဒေါက် ~~~ (တံခါးခေါက်သံ)

"ဘယ်သူလဲ"

ကျွန်တော်မေးတာကို ပြန်မဖြေဘူး။

"ဘယ်သူလဲလို့ မေးနေတယ်"

တံခါးဖွင့်ရင်း ကျွန်တော်မေးလိုက်တယ်။
ဘာလား... ဟိုနာမည်မသိတဲ့ တစ်ယောက်...

"ဘာလို့ လာခေါက်နေတာလဲ"

"Yoora က ခေါ်ခိုင်းလိုက်လို့ ထမင်းစားမယ် ထွက်ခဲ့"

ဘာ!!! ငါ့ကို အမိန့်လာပေးသွားတာလား။
စစချင်း တွေ့ကတည်းက အမြင်ကပ်နေတာပါဆို...
ကျွန်တော့်ကို ဒီလိုလာလုပ်လို့ မရဘူး။ အဲဘိုးတော် မျက်နှာစိုက်ကြည့်ပြီး တစ်လုံးချင်းပြန်ပြောလိုက်တယ်။

"မ... စား... ဘူး"

"ဟက်~"

သူရယ်သွားတယ် :/
ငါ့ကိုလား -.-

At dining room ~~~

"Xing ထည့်စားနော်... YiFan လည်း များ၂ထည့်စား..."

Noona ရယ်... အဲနှစ်ယောက်ကို သဒ္ဓါတရားထက်သန်မနေနဲ့... Noona နောက်ကွယ်မှာ ဘာတေလဲဆိုတာ သိစေချင်တယ်။

"Chanyeollie!!! ထမင်းစားရင် ငိုင်ပီး ထိုင်မနေနဲ့လို့ ဘယ်နှခါပြောရမလဲ"

Noona ဟာလေ ဒီမောင်တစ်ယောက်တည်းရှိတာ ဘယ်တော့မှ အကောင်းကို မပြောဘူး။ ဧည့်သည်ရှေ့မှာ လာဆူနေတယ်။ ကျွန်တော်ရှက်တယ်ဗျ!!!

အထူးသဖြင့် ဟို Wu Yon Far ရှေ့မှာ လာမဆူနဲ့။
နာမည်ရောမှန်ရဲ့လားမသိဘူး :3

မှုန်ကုတ်ကုတ်နဲ့ပဲ ထမင်းဆက်စားနေလိုက်တယ်။ ပြန်ပြောမနေတော့ဘူး...

"ဟိုလေ... Yoora နဲ့ Yixing နဲ့က လက်ထပ်တော့မှာဆိုတော့... အဲတာ Honeymoon ထွက်ရင် ဒီကလေးစုတ်ကို YiFan မှာ အပ်ထားလို့ ရတယ်မလား"

"အဟွတ်... ဟွတ်... ဘယ်လို o.O"

ဘုရားသခင်... ကယ်တော်မူပါ... ဒီဘိုးတော်နဲ့တော့ တူတူမနေပါရစေနဲ့...

"ပြေပါတယ်... ကိုယ်က ကိစ္စမရှိပါဘူး။ ခိုင်းစားဖော်ရတာပေါ့ ဟဟ"

သောက်ချိုးကို မပြေဘူး -.-

ကျွန်တော် သူ့ကို မကြည်ကြည့် လှမ်းကြည့်လိုက်တော့... အလို... သူ့မျက်ဝန်းမှာ ဝမ်းနည်းရိပ်တေ မြင်နေရသလိုပဲ...

A Cup of Love #Completed#Where stories live. Discover now