Chapter-7

2.4K 257 5
                                    

အခုလေးတင် မြင်လိုက်တာ... ဘယ်ရောက်သွားတာလဲ... မြန်လိုက်တာ...

နေ့လည် မုန့်စားဆင်းချိန်ရောက်တော့ ကျွန်တော် အတန်းထဲက အထွက် ဟိုလူကြီးကို မြင်လိုက်သလားလို့ပါ။ နောက်ကျောပဲ မြင်လိုက်တာမို့ သူဟုတ်မဟုတ်တော့ သိပ်မသေချာ... ဒါပေမယ့် သူဟုတ်ကို ဟုတ်တယ်။
အခုကျွန်တော် သူ့အရှေ့မှာလေ...

မျက်နှာချင်းဆိုင်ဆုံတာတောင် နှုတ်ဆက်မသွားဘူး။ ဘေးနားမှာ ကျောင်းအုပ်ကြီး ရှိနေတာကိုး :3
ဒါတောင် wink လုပ်ပြသွားသေးတာ -.-

ဒီလူကြီး ကျွန်တော်တို့ကျောင်း ဘာလာလုပ်တာပါလိမ့်???
အိမ်ရောက်မှ မေးရမယ်။

"ထမင်းစားလို့ ရပီ!!!"

တစ်ဖက်က တုံ့ပြန်သံမကြားရတော့ ကျွန်တော်မျိုး အပေါ်ထပ် တက်ကြည့်ရပြန်တာပေါ့။ သူ့အခန်းထဲ သိပ်တော့ မဝင်ရဲ... ဟိုတစ်ခါ ကိစ္စဖြစ်ပီးကတည်းက အခုသူ့အိမ်မှာ ၂ရက်တိတိနေပီးသည်အထိပဲ...

ကျွန်တော်ကတော့ ဘေးခန်းမှာပဲ အိပ်တယ်။
ဒါတောင် ဟိုအခန်းက မရှင်းထားတော့ သူ့နဲ့ တူတူအိပ်ပါလုပ်နေသေးတယ်။ သူ့နဲ့တော့ တစ်ခန်းတည်း တူတူမအိပ်ရဲပါဘူး -.- သူ့ရဲ့ သိပ်သရမ်းလွန်းတဲ့ လက်ကို ကြောက်လွန်းလို့ -.-

ဒါပေမယ့် ပထမတစ်ညကတော့ သူ့အခန်း သူ့မွေ့ရာမှာ အိပ်ဖြစ်တယ်ဆိုပါတော့...
သူက အောက်ထပ်က ဆိုဖာမှာ အိပ်တာလေ။ ကြားသားမိုးကြိုး!!! သတ်၂မဲ့ ကျွန်တော်ငိုနေတာကို မချော့ချင်လို့!!! သူ့ကြောင့် ငိုတာကို x'(

ကျွန်တော် သူ့အခန်းတံခါးရှေ့ရောက်တော့...

ဒေါက် ဒေါက် ~~

"ဘာလဲ... အထဲမှာများ သေနေပီလား မသိ"

စိတ်မရှည်စွာ ရေရွတ်မိတော့

"ဟဟ... အဲလောက်တောင်ပဲလား Park Chan Yeol"

အနောက်ကနေပီး ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် လန့်ဖြန့်သွားရတယ်။

"အမလေး!!! ဘယ်တုန်းက ရောက်နေ... o.O"

လန့်တာတောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရတယ်။ ကျွန်တော့်အရှေ့က သူက အောက်တွင် တဘတ်အဖြူ တစ်ခုသာ ပတ်ထားပြီး အပေါ်ပိုင်း ဗလာနဲ့ !!!
ရေချိုးခန်းထဲက ထွက်လာတဲ့ ပုံစံ...

A Cup of Love #Completed#Where stories live. Discover now