Chapter-18

3.1K 186 23
                                    

ရူပါတချက်​ပြုံးလိုက်​သည်​။
Lesbianတ​ယောက်​အတွက်​ရူပါ့အပြုအမူ​တွေကစွဲမက်​စရာပဲ​လေ။
"အင်းဒါဆိုတို့ကို​ပြောပြပါခု။မင်းနဲ့​ကြယ်​စင်​ကဘာ​တွေပတ်​သက်​လဲ?"

"အလုပ်​သမားနဲ့အလုပ်​ရှင်​"
"ဘာ!"
"ဟုတ်​တယ်​ရူပါတို့ကသူ့အတွက်​အလုပ်​လုပ်​​ပေးတာပဲ"
မဲ့ပြုံးတစ်​ချက်​​ရွေယွန်းဆီမှထွက်​လာသည်​။
"သူကပိုက်​ဆံ​ပေးပြီးခိုင်းတယ်​။တို့ကသူ့ပိုက်​ဆံကိုယူပြီးသူခိုင်းတာလုပ်​တယ်​ဒါပါပဲ"
"မင်းကိုသူဘာခိုင်းတာလဲ?"

"​နေ​သွေးရဲ့ဖုန်းကိုယူခိုင်းထားတယ်​။သူနဲ့Green houseမှာချိန်းခိုင်းတယ်​။သူ့ကိုအီစီကလီ​ပြောခိုင်းတယ်​။ရှင်​လာတာ​တွေ့ရင်​သူ့လက်​ကိုဖမ်းဆွဲထားလို့လည်း​ပြောတယ်​။ဒါအကုန်​ပဲရူပါ"
~~~~~~~~~~
"ရူပါတို့​ပြောတာကြားလား?"
"ဟင်​.........အင်း.....တို့......တို့သွားစရာရှိ​သေးတယ်​သွားလိုက်​ဦးမယ်​​နော်​"

ရူပါချက်​ချင်းပင်​​ပြေးထွက်​ခဲ့သည်​။
*ဘာလဲဘာ​တွေလဲ?ဘာ​တွေဖြစ်​ကုန်​တာလဲ?ကြယ်​စင်​?သူဘာလို့အဲ့လိုလုပ်​ရတာလဲ?*
ရူပါတစ်​ကိုယ်​လုံး​ဗ​လောင်​ဆူ​နေသည်​။
စိတ်​ထဲမှာ​ပေါက်​ကွဲထွက်​ပစ်​ချင်​လိုက်​သည်​။
*Ahh~ကြယ်​စင်​နင်​ကဘယ်​သူလဲ?*

သူနားမလည်​ချင်​​ရင်​​တောင်​အကုန်​နည်းပါးနားလည်​​နေပြီဖြစ်​သည်​။ရူပါနဲ့​နေ​သွေးကိုကွဲ​အောင်​ကြယ်​စင်​လုပ်​တာမှန်းရူပါရိပ်​မိသွားသည်​။
သို့​သော်​အ​ကြောင်းအရာကဘာလဲ?
သူကြယ်​စင်​နဲ့​တွေ့ရမှဖြစ်​မည်​။

ကားကိုအမြန်​​မောင်းလာသည်​။
အိမ်​​ရောက်​​တော့​မေ​မေ့ကိုမ​တွေ့အပြင်​သွားသည်​ထင်​တယ်​.
အ​ပေါ်ထပ်​သို့​ရောက်​​သော်​ကြယ်​စင့်​အားအဝတ်​​ခေါက်​​နေသည်​ကို​တွေ့ရသည်​။
အေး​အေး​ဆေး​ဆေးအလုပ်​လုပ်​​နေသည့်​ကြယ်​စင့်​ကိုရူပါ​ဒေါသထွက်​သွားသည်​။

*လူတ​ယောက်​ကို​သေမလိုလုပ်​ထားပြီးခုလို​အေး​အေး​ဆေး​ဆေး​နေနိုင်​သည်​တဲ့လား?*
"ကြယ်​စင်​"
ရူပါ​အေးစက်​စွာ​ခေါ်လိုက်​သည်​။
ကြယ်​စင်​လှည့်​ကြည့်​သည်​။ပြုံးရွှင်​​နေ​သောမျက်​နှာဖြင့်​။
"ရူပါဘယ်​​တွေသွား​နေတာလဲ​နောက်​ကျတယ်​။လာငါနဲ့အဝတ်​လာ​ခေါက်​"

အမှောင်အောက်ကကြယ်ရောင်|Completed|Место, где живут истории. Откройте их для себя