Chapter 22

2.7K 157 20
                                    

လေဆိပ်​တွင်​~~~~~
ကြယ်​စင်​တ​ယောက်​​​လေးကန်​စွာဖြင့်​ခရီး​ဆောင်​အိတ်​ကို​သယ်​လာရင်း​တစ်​လှမ်းချင်းစီ​လျှောက်​လာသည်​။ရူပါ့ကိုသူ​တွေ့ချင်​မိ​သော်​လည်းရူပါမလာဘူးဆိုတာသူသိ​နေသည်​။သို့​သော်​မျက်​လုံးကလိုက်​ရှာမိ​နေ​သေး။
*အဟက်​မိကြယ်​စင်​ရယ်​နင်​ရူး​နေလား။သူ့ကိုဒီလိုဖြစ်​​အောင်​လုပ်​ထားပြီးမှထပ်​​တွေ့ချင်​​နေလား။နင်​ကအရူးမပဲ။*

မေ​မေတို့ကိုမလာကြိုနဲ့​ပြောထား၍မလာကြပါ။
*ဟုးငါးနှစ်​အတွင်းမှာအ​တော်​ကို​ပြောင်းလဲသွားတာပဲ။*
ကြယ်​စင်​တ​ယောက်​ဟိုဟိုဒီဒီကြည့်​ရင်း​တွေး​တောလိုက်​သည်​။
သူမမျက်​လုံး​ထောင့်​စွန်းမှာရုတ်​တရက်​​ပေါ်လာ​သောပုံရိပ်​တခု။
သေချာပါသည်​။ဒါသူမအတွက်​နှစ်​​ယောက်​မရှိ​သောရူပါဆိုတာ​သေချာပါသည်​။

သူမ​သေ​သေချာချာပြန်​ကြည့်​သည်​။ဟုတ်​ပါသည်​။သူမကိုပြုံး၍ကြည့်​​နေ​သောရူပါ။အရင်​ကအတိုင်းဘာမှမ​ပြောင်းလဲ။ရူပါပို၍ပင်​​ချောလာ​သေးသည်​။သူမ​သေ​သေချာချာက်ုစိုက်​ကြည့်​​နေမိသည်​။
သူကတလှမ်းချင်းစီသူမဆီသို့​လျှောက်​လာ​နေသည်​။
"ဘာ​တွေဒီ​လောက်​ကြည့်​​နေတာလဲ​ကောင်​မ​လေးရဲ့။ငါ့ကိုမမြင်​ဖူးဘူးလား?"
"ရူ.....ရူပါ.....ငါ..ငါ.."
"ဘာမှမ​ပြောပါနဲ့ကြယ်​စင်​ရယ်​ငါဘာမှမကြားချင်​​သေးဘူး။လိမ္မာတယ်​​နော်​"

ရူပါ​ပြောရင်းသူမကို​ထွေး​ပွေ့လိုက်​သည်​။
နွေး​ထွေးလိုက်​တာ~~~~~~
ဒီလို​နွေး​ထွေးမှုမျိုးကိုသူမ​တောင့်​တ​နေသည်​မှာငါးနှစ်​​တောင်​ကြာပြီ။
"ငါနင်​မလာဘူးလို့ထင်​တာ။"
"လာရမှာ​ပေါ့ရူပါရယ်​။ဒီ​နေ့မှနင့်​ကိုမ​တွေ့ရင်​ငါရူးသွားလိမ့်​မယ်​။"
ကြယ်​စင့်​မျက်​ရည်​တို့ကရူပါ့ပုခုံး​ပေါ်သို့တသွင်​သွင်​ကျ​နေသည်​။

"နင်​ငို​နေတာလားကြယ်​စင်​။?မငိုပါနဲ့ဟာ။ငါနင့်​နားမှာအမြဲရှိတယ်​​နော်​။မငိုနဲ့တိတ်​တိတ်​။"
ရူပါကကြယ်​စင့်​မျက်​ရည်​​တွေကိုတယုတယသုတ်​​ပေးသည်​။
"လာကား​ဆီသွားမယ်​"
"အင်း"

အမှောင်အောက်ကကြယ်ရောင်|Completed|Where stories live. Discover now