ဇာတ်​သိမ်းပိုင်း

7.1K 299 81
                                    

"ကြယ်​စင်​"
*ကြယ်​စင်​သတိထားစမ်း။ဘာလို့သူ့အသံကိုပဲကြား​နေတာလဲ။သတိထားစမ်း*
"ကြယ်​..စင်​..."
ဒုတိယအကြီမ်​ထပ်​မံ​ပေါ်ထွက်​လာ​တော့မှအ​ယောင်​​ယောင်​အမှားမှားဖြင့်​ကြည့်​လိုက်​​တော့။
လူအုပ်​အလယ်​မှာခန့်​ညားစွာရပ်​​နေတဲ့ကျွန်​မရဲ့သတို့သား​လေး။
အော်​မှားလို့သတို့သမီး​လေး​ပေါ့​နော်​။

စ​တွေ့တုန်းကလိုဆံပင်​ပုံစံ​လေးနှင့်​။
သတို့သားပုံစံဝတ်​ထားသည်​မှာသူမနှင့်​လိုက်​ဖက်​လွန်း​နေခဲ့။
အရမ်းခန့်​ညားပါတယ်​ရူပါရယ်​။
"ကြယ်​စင်​နင်​သူ့ကိုလက်​မထပ်​ရဘူး။နင်​ငါ့ကိုပဲချစ်​တာမလားနင်​ငါ့ကိုပဲလက်​ထပ်​ပါ​နော်​"
သတို့သားမျက်​နှာကွက်​ခနဲမည်းသွားသည်​။

လူအုပ်​ကြီးလဲဆူဆူညံညံဖြစ်​သွားသည်​။
*​အော်​ငါ့ကိုလက်​ထပ်​ပါတဲ့လား။ဒီစကား​လေးကိုသူအမြဲကြားချင်​ခဲ့တာ။သူနဲ့တူတူ​နေနိုင်​ဖို့အမြဲစိတ်​ကူးယဉ်​ခဲ့ရတာ​လေ။*
"​နော်​ငါ့ကိုလက်​ထပ်​ပါဟာ​နော်​။ငါတို့...ငါတို့မနက်​တိုင်းတူတူထမယ်​​လေ။ငါကနင့်​ရဲ့နဖူး​လေးကိုနမ်းပြီး​တ​နေ့တာလုပ်​ငန်းကိုစမယ်​။မနက်​စာတူတူစားမယ်​။နင့််​အလုပ်​ကိုလာကြိုမယ်​။နှစ်​​ယောက်​တူတူTVကြည့်​မယ်​။ညဘက်​အိပ်​ရင်​အရမ်းချမ်းတတ်​တဲ့နင်​ကငါ့ရင်​ခွင်​ထဲမှာ​နေ​ပေါ့။စဉ်းစားကြည့်​စမ်း​ပျော်​စရာကြီး။ငါ့ကိုလက်​ထပ်​ပါ​ဟာ​နော်​"

က​လေး​လေးတစ်​​ယောက်​လိုမြူးတူးစွာ​ပြော​နေ​တဲ့ရူပါ့ကိုကြည့်​ကာကြယ်​စင်​အလိုလိုပြုံးမိသည်​။
ခန်းမတစ်​ခုလုံးလဲအပ်​ကျသံကြားရ​လောက်​တဲ့အထိတိတ်ဆိတ်​လျှက်​။
သို့​သော်​~~~~~
ကြယ်​စင့်​ဦး​နှောက်​ထဲဝင်​လာသည့်​အ​တွေးတစ်​ချက်​။
မေ​မေ့ဂုဏ်​သိက္ခာ။
သတို့သားဂုဏ်​သိက္ခာ။
မိမိတို့၏မ​ရေရာသည့်​​ရှေ့​ရေး။
ကိစ္စ​ပေါင်းစုံကအစီအရီဝင်​လာသည်​။

*လက်​ထပ်​ချင်​တာ​ပေါ့ရူပါရယ်​။နင့်​ကိုငါလက်​ထပ်​ချင်​တာ​ပေါ့။နင်​နဲ့ပဲတူတူ​နေချင်​တာ​ပေါ့။ဒါ​ပေမဲ့*
"ငါနင့်​ကိုလက်​မထပ်​နိုင်​ဘူးရူပါ။နင်​ပြန်​လိုက်​​တော့။နင်​ဒီလို​တွေလုပ်​​နေတာ​ကောင်းတယ်​များထင်​​​နေလား။"
"မှတ်​ထားရူပါ"
"ဇာတ်​လမ်းတစ်​ပုဒ်​မှာမင်းသမီးနှစ်​​ယောက်​မရှိဘူး"
ရူပါ​မျက်​နှာတို့ညိုးကျသွားသည်​။

You've reached the end of published parts.

⏰ Last updated: Oct 01, 2017 ⏰

Add this story to your Library to get notified about new parts!

အမှောင်အောက်ကကြယ်ရောင်|Completed|Where stories live. Discover now