Chapter-23

2.7K 156 2
                                    

"ကိုပြည့်​စုံ​မောင်​နှင့်​မကြယ်​စင်​တို့၏မင်္ဂလာဧည့်​ခံပွဲ"
နာမည်​ကြီးဟိုတယ်​တခု၏​ရှေ့မျက်​နှာစာတွင်​ထိုစာတန်းကလှပစွာပန်းများဖြင့်​​နေရာယူထားသည်​။
လူများကလည်းတစ်​​သော​သော။
နှစ်​ဖက်​မိဘများ၏မျက်​နှာများမှာလဲဂုဏ်​ယူမှုအပြည့်​။
ပီတိအပြည့်​။
ပြုံးရွှင်​မှုအပြည့်​။
ယ​နေ့သည်​​နေ့ထူး​နေ့မြတ်​တစ်​ခုပင်​မဟုတ်​ပါ​လော။
ချော​မောလှပ၍အရည်​အချင်းရှိသူနှစ်​ဦးတို့​ပေါင်းဖက်​သည့်​ပွဲ။

ကြယ်​စင်​ကအဖြူ​ရောင်​သတို့သမီးဝတ်​စုံ​လေးဖြင့်​အလွန်​လှပလွန်း​နေသည်​။
ဖြူ​ဖွေး​သောလည်​တိုင်​​ပေါ်တွင်​လွန်​ခဲ့​သောငါးနှစ်​ခန့်​ကဆွဲကြိုး​လေးကအရင်​လိုလှပစွာ​နေရာယူ​နေသည်​။
ဆံထုံးကိုအ​နောက်​တိုင်းပုံစံလှပစွာဖွဲ့​နှောင်​ထားပြီးကုတ်​ဘီးဖြူဖြူ​လေးတစ်​ခုကိုတင်​ထားသည်​။
နဂိုတည်းကလှပသူမို့အလှ​ပေါ်အလှဆင့်​သကဲ့သို့​ပြောမပြတတ်​​အောင်​ကိုလှ​ပေသည်​။

ကြယ်​စင်​မှန်​ထဲကိုကိုယ့်​ကိုကိုယ်​ပြန်​ကြည့်​လိုက်​သည်​။
သူမအရမ်းလှ​နေတာသူမကိုယ်​ကိုလည်း​သိသည်​။
*တကယ်​လို့ဒီမင်္ဂလာပွဲသာရူပါနဲ့ဖြစ်​ခဲ့ရင်​~~~~*
သူမ​သေမတတ်​​ပျော်​မှာအ​သေအချာပင်​။
*ဘယ်​လိုမျက်​နှာနဲ့ရူပါ့ကိုဧည့်​ခံရပါ့မလဲ?*
"မျက်​နှာလည်းမ​ကောင်းဘူး​နေမ​ကောင်းဘူးလားကြယ်​စင်​?"
သတို့သား​လောင်းကကြင်​နာစွာ​မေးလိုက်​သည်​။

"အင်း​ကောင်းပါတယ်​နည်းနည်းပင်​ပန်း​နေလို့ပါ"
စိတ်​မပါ​သော်​လဲပြုံးရယ်​ကာကြယ်​စင်​​ဖြေလိုက်​သည်​။
အခန်းထဲသို့​မေ​မေဝင်​လာသည်​။
"လှလိုက်​တာသမီး​လေးရယ်​။အရမ်းလှတာပဲသိလား​မေ​မေ့သမီးလို့ကိုမ​ပြောရဘူး"
ကြယ်​စင်​ပြုံးရုံသာပြုံး​နေသည်​။

အမှန်​အတိုင်း​ပြောရရင်​သူမအရမ်းငိုချငိ​နေပါသည်​။
မချစ်​မနှစ်​သက်​​သောသူနှင့်​​ပေါင်းဖက်​ရမည်​ကိုလဲစိတ်​ပျက်​လှပါသည်​။
ချစ်​​သောသူနှင့်​​ဝေးကွာရမည်​ကိုလဲစိတ်​ရှုပ်​လှပါသည်​။
ရူပါ့မျက်​နှာ​လေးကိုတခါဖြစ်​ဖြစ်​​တွေ့ချင်​​သော်​လည်းသူမလာပါ့မလား?
*အိုသူကိုယ်​တိုင်​လာမယ်​လို့​ပြောထားတာပဲလာမှာပါ။*

ကြယ်​စင်​တဖွဲဖွဲ​ရောက်​လာ​သောပရိတ်​သတ်​​တွေကြားထဲတစ်​​ယောက်​တည်း​သောသူကိုအသည်းအသန်​ရှာမိသည်​။
*ငါအရမ်းလှ​နေတာနင့်​ကိုမြင်​​စေချင်​လိုက်​တာ။*
မကြာခင်​ရူပါ့​မေ​မေကို​တွေ့လိုက်​ရသဖြင့်​ကြယ်​စင်​အ​ပြေး​ရောက်​သွားမိသည်​။
"အန်​တီရူပါ​ကော?ရူပါမလာဘူးလား?"

အန်​တီ့မျက်​နှာကမ​ကောင်း။
"သမီးရယ်​ရူပါမလာ​တော့ဘူးလို့​ပြောတယ်​။မ​နေ့ကတစ်​ညလုံးလဲငို​နေတယ်​။အန်​တီ​တော့စိတ်​ညစ်​ပါတယ်​။"
ကြယ်​စင်​ထိုစကားကိုကြားပြီးကတည်းကသူပါမျက်​ရည်​မဆည်​နိုင်​​တော့။
မိတ်​ကပ်​​တွေပျက်​မလားပျက်​ပါ​စေ​လေ~~
လူ​တွေဝိုင်းကြည့်​မလားကြည့်​ပါ​စေ​လေ~~
သူတို့က​တော့​မေ​မေနဲ့​ခွဲရမှာမို့ငိုမယ်​ပဲထင်​မှာ​ပေါ့။ကြယ်​စင်​လွတ်​လွတ်​လပ်​လပ်​ငိုလို့ရပါတယ်​။

ဤသို့ဖြင့်​မင်္ဂလာပွဲကျင်းပရန်​အချိန်​​စေ့​လေပြီ။
ဘိသိက်​ဆရာကထုံးစံအတိုင်​မင်္ဂလာသတင်းများရွတ်​ဖတ်​​နေ​လေသည်​။
ကြယ်​စင်​ကြားတစ်​ချက်​မကြားတစ်​ချက်​။
စိတ်​အာရုံအစုံကရူပါ့ဆီမှာ။
*သူအဆင်​မှ​ပြေရဲ့လား။သူ​နေမှ​ကောင်းရဲ့လားအခု​ကောငို​နေမလား?*
*ကိုယ်​ငိုရင်​ကမ္ဘာပျက်​​နေသလိုပဲဆိုတဲ့သူ*
*သူငိုရင်​​ကိုယ့်​ရင်​ထဲမှာစကြဝဋ္ဌာကြီးပျက်​သလိုဖြစ်​​နေတာသူမသိ​လေ​ရော့သလား*

"သတို့သားသတို့သမီးကိုလက်​စွပ်​ဝတ်​​ပေးပါ"
ဘိသိက်​ဆရာ၏စကားသံတို့​ကြောင့်​ကြယ်​စင်​သတိပြန်​ဝင်​လာခဲ့သည်​။
"​အော်​ဟုတ်​သားပဲ။ငါမင်္ဂလာ​ဆောင်​​နေတာပဲ"
သတို့သားလက်​စွပ်​ဝတ်​​ပေးလာသည်​ကိုငြိမ်​ကြည့်​​နေလိုက်​သည်​။
ရူပါစွပ်​​ပေးခဲ့​သောစက္ကူလက်​စွပ်​​လောက်​​တောင်​မလှပါ။

သတို့သမီးသတို့သားကိုလက်​စွပ်​စွပ်​​ပေးပါ။
*ငါတကယ်​စွပ်​လိုက်​ရ​တော့မလား?စွပ်​လိုက်​ရင်​အကြင်​လင်​မယား​မြောက်​သွားပြီမလား?ရူပါရယ်​မလာ​တော့ဘူးလား။ငါ့ကိုတခုခုလာ​ပြောပါဦး။မင်္ဂလာပွဲကိုဖြစ်​ဖြစ်​လာဖျက်​​ပေးပါ။*
ကြယ်​စင့်​ရင်​ထဲတွင်​အသံမျိုးစုံထွက်​​နေသည်​။
ထိုအသံတို့ကိုကြားသည့်​အလားရူပါ့အသံကလဲလူကြားထဲမှထွက်​​ပေါ်လာသည်​။

*TBC*
ဇာတ်​သိမ်းမယ်​သိမ်းမယ်​နဲ့အရစ်​​တွေရှည်​​နေတာ😁။မြန်​မြန်​သိမ်း​ပေးပါ့မယ်​​နော်​။😘​နောက်​တစ်​ပိုင်းဆိုတကယ်​သိမ်းပြီရယ်​။😁။Love u all my readers!vote​ပေးတဲ့သူ​တွေfb​ပေးတဲ့သူ​တွေsilent reader​တွေအကုန်​လုံးကို​ကျေးဇူးတင်​ပါတယ်​ရှင့်​😁။

အမှောင်အောက်ကကြယ်ရောင်|Completed|Kde žijí příběhy. Začni objevovat