Chapter-19

2.8K 180 12
                                    

လှပ​သောနံနက်​ခင်းတခု။
ရူပါမျက်​လုံးများကိုဖွင့်​ကြည့်​လိုက်​​တော့သူ့ကိုပြုံးပြီးကြည့်​​နေတဲ့ကြယ်​စင်​။
"ဘာကြည့်​​နေတာလဲအချစ်​ရဲ့"
ကြယ်​စင်​ဘာမှမ​ဖြေပြုံး၍သာကြည့်​​နေသည်​။
"ကြည့်​လူကိုမ​နေတတ်​​အောင်​လုပ်​​နေတယ်​ဘာကြည့်​​နေတာလဲလို့"
"နင်​ကအရမ်းချစ်​ဖို့​ကောင်းလွန်းလို့ပါ"

"ဒါဆိုအာဘွား​ပေး"
"ဟမ်​ဆိုင်​လို့လား?မလည်​ရှာဘူးမိရူပါ"
"မသိဘူးဆိုင်​ဆိုင်​မဆိုင်​ဆိုင်​​ပေးကွာ"
ကြယ်​စင်​ရှက်​ပြုံးပြုံးကာရူပါ့ပါးပြင်​ကိုအနမ်းတစ်​ပွင့်​​ခြွေသည်​။
ရူပါပြန်​လည်​တုံ့ပြန်​လိုက်​သည်​ကကြယ်​စင့်​နဖူး​ပေါ်သို့အနမ်းတစ်​ပွင့်​။

မ​နေ့ကမှနားလည်​မှုရထားသည့်​ချစ်​သူနှစ်​ဦးအတွက်​က​တော့အရာရာလှပ​နေသည်​။
"ကဲ​ရေမိုးချိုး​တော့ငါမနက်​စာလုပ်​ထားတယ်​"
"Okအဲ့ဒါ​တွေချစ်​ဖို့​ကောင်းတာ"
"ဒါနဲ့ရူပါ"
"အင်း​ပြော​လေဘာလဲ"
"အာဘာမှမဟုတ်​​တော့ပါဘူး"
"ဘာလဲလို့်​ပြောဆို​နေငါအဲ့လိုလုပ်​တာမကြိုက်​ဖူး​နော်​"
ကြယ်​စင်​​ပြောသင့်​မ​ပြောသင့်​စဉ်းစား​နေသည်​။

"ဘာကိစ္စလဲ​ပြောပါကြယ်​စင်​ရဲ့"
ထိုအခါမှစိတ်​ပိုင်းဖြတ်​လိုက်​သည့်​ပုံစံဖြင့်​။
"​နေ​သွေးကိုသွားမကြည့်​​တော့ဘူးလား?"
ရူပါအတန်​ငယ်​တည်​သွားသည်​။
"ဟိုငါဒီတိုင်း​မေးကြည့်​တာပါ​နော်​စိတ်​မဆိုးနဲ့​နော်​"
ရူပါပြုံးလိုက်​သည်​။

"ဘာလို့သွား​တော့မှာလဲကြယ်​စင်​ရာ"
"မသွား​တော့ဘူးသူ့မှာလည်းသူ့ကို​စောင့်​​ရှောက်​မဲ့မိဘ​တွေရှိ​တာပဲ​လေ​နောကိပြီးငါ့မှာနင်​ရှိ​နေပြီ​လေ"
ကြယ်​စင်​ဝမ်းသာသွားသည်​။
"အင်းပါငါ့ကိုဘယ်​​တော့မှထားမသွားပါနဲ့​နော်​။"
"အင်းဘယ်​​တော့မှမထားသွားဘူးစိတ်​ချ။"

"နင်​သိလားရူပါငါက​လေအရမ်း​တော်​တဲ့designerတစ်​​ယောက်​ဖြစ်​ချင်​တာဟ။နောက်​ပြီး​လေမကြာခင်​ငါ့အိပ်​မက်​​တွေဖြစ်​လာ​တော့မယ်​ဟ"
"ဟုတ်​လားငါ့ကို​ပြောပြစမ်းပါဦး"
"ငါ့ကိုcompanyတခုကအလုပ်​တွဲလုပ်​ဖို့ကမ်းလှမ်းထားတယ်​ဟ။"
"ဟာဒါဝမ်းသာစရာ​ပေါ့"
"အင်းဒါ​ပေမဲ့တခု​တော့ရှိတယ်​"
ကြယ်​စင့်​မျက်​နှာတို့မှာဝမ်းနည်းရိပ်​သန်းသွားသည်​။
"ငါ​မေ​မေ့ဆီပြန်​ရမယ်​တစ်​လ​လောက်​​ပေါ့"
"​အော်​"

အမှောင်အောက်ကကြယ်ရောင်|Completed|Where stories live. Discover now