[အပိုင်း (၁)]

7K 492 23
                                    


သိပ်​ဟုတ်​တာ​ပေါ့
ငါကိုယ်​တိုင်​က ချစ်​ မိ ​နေ မှ ​​တော့
အနွံ​တာ​တွေ ခံရ​တော့မှာ​ပေါ့​လေ ။
သူ့အချစ်​ဆိုတာကိုယ့်​လောက်​မှသက်​တမ်းမရှည်​တာ​လေ

_______________HEARTLESS (၁)

"အပိုင်း [တစ်​ ]"


ခါးထိနီးပါး ရှည်​လျားလှတဲ့ အနက်​​ရောင်​ ဆံပင်​တို့က
သူမ ရယ်​​မောလိုက်​​လေတိုင်း ​ကျောထက်​ ယိမ်းကာ
လှုပ်​ကာ သွား​လေတိုင်း မြတ်​နိုးရပါသည်​ ။ သူမ ခုန်
ပေါက်​လိုက်​​လေတိုင်း တချွမ်​ချွမ်​မြည်​​နေတတ်​တဲ့
သူမ​ရဲ့ ဖြူဖြူ​ဖွေး​ဖွေး ​ခြေ​ကျင်းဝတ်​က ​ခြေကျင်း​လေး
ကိုလဲ မနာလိုမိသည်​။ ဒါပင်​ မပြီး​သေး ။သူမ ပြုံး
လိုက်​တိုင်း ပါးပြင်​ထက်​ ​နေရာယူတတ်​တဲ့ ပါးချိုင့်
လေးကိုလဲ ရင်​ခုန်​ရပါ​သေးသည်​။

သူမက ကျွန်​​တော်​ဆို​သော လူသား သိပ်​ချစ်​ရတဲ့
ချစ်​သူ မိန်းက​လေး "လီဆူအွန်း "။

နှစ်​ဖက်​မိဘ သ​ဘောတူညီထားသည့်​အပြင်​ နှစ်​ဦး
သားက သိပ်​ချစ်​ရတဲ့ ချစ်​သူနှစ်​ဦးမို့ ကျွန်​​တော့်​​လောက
ကြီးက ဘာမှမလိုအပ်​​တော့​လောက်​​အောင်​ ပြည့်​စုံ
နေခဲ့ပြီ။ ဆူအွန်း နှင့်​သာ ကျွန်​​တော့်​အတွက်​ ဆူးခင်း
လမ်းသာဖြစ်​ပါ​စေ။

ဆူးခင်းလမ်းသာဖြစ်​ပါ​စေ ဆယ်ဟွန်း​​​ မည်​​သော လူသားကဆူအွန်း နှင့်​အတူ ဖြတ်​သန်းရဲသည်​မို့။

"ဒီနှစ်​ ​​ကျောင်းက ​လေ့လာ​ရေးခရီးထွက်​ရင်
မလိုက်​သွားပါနဲ့လား ...........ဆူအွန်းရယ်​"

အလိုမကျမှု ဖြစ်​လာ​လေတိုင်း မြတ်​နိုးမိတဲ့ ဆံပင်
တွေကို သူမ နူတ်​ခမ်း​တွေဆူကာ ဖွပစ်​​တော့သည်​။
ကျွန်​​တော့်​လက်​​မောင်း​တွေကို တဖြန်းဖြန်းမြည်​​အောင်
သူမ လက်​ဖဝါး​တွေနဲ့ တရစပ်​ရိုက်​ကာ ဆန္ဒပြတတ်
သေးသည်​။

"ဟာ မရဘူးဟာ.....မနှစ်​ကလဲ မလိုက်​ရဘူး​လေ
ဒီနှစ်​​တော့ လိုက်​မှာပဲ "

အခန်းချင်းသာတူရင်​ ဘယ်​​လောက်​​ကောင်းလိုက်​မလဲ။
လေ့လာ​ရေးခရီးသာ ဆူအွန်း နဲ့အတူသွားနိုင်​ရင်
ဘေးက​နေ အမြဲရှိ​နေ​ပေနိုင်​မည်​။ အခု​တော့ နူတ်​ခမ်း
ဆူကာ ဆန္ဒပြ​နေတဲ့ သူမကို ဘယ်​လိုမှ​ချော့​မော့လို့
မရတာ​ကြောင့်​ ဆက်​မတားနိုင်​​တော့ပါ။

HEARTLESSWhere stories live. Discover now