[ အ ပိုင်း ( ၇ ) ]

3.1K 407 25
                                    


သည်​က​နေ့က ​​ကျောင်းတက်​ရက်​ဖြစ်​​နေ​ပေမဲ့ မနက်
ပိုင်းထဲက ကိုယ်​​လေး​နည်းနည်း​နွေး​နေသည်​ကိုအ
ကြောင်းပြလို့ ​ကျောင်းမတက်​ဖြစ်​ ။ အရင်​​နေ့​တွေဆို
ကျောင်းပို့​ကျောင်းကြိုလုပ်​တတ်​တဲ့ ဟိုလူကြီးကသည်
က​နေ့မှ​ရောက်​မလာခဲ့ ။

သည်​အတိုင်းပါပဲ ကိုယ်​​နေမ​ကောင်းတာကိုထိုလူကြီး
အားသိ​စေချင်​မိရုံ​လေး။

ပျင်းပျင်းရှိတာနဲ့ ဖုန်းနဲ့ဂိမ်းထိုင်​​ဆော့​နေသည်​ကလွန်
ခဲ့တဲ့နှစ်​နာရီ​လောက်​ထဲကမို့မျက်​လုံး​တွေလဲ​ညောင်းလှ
ပြီမို့ ဖုန်းကိုလက်​ကချရ​တော့သည်​ ။ အခန်းပြင်​ကိုထွက်
လာလိုက်​​တော့ ခြင်းတလုံးနဲ့အလုပ်​ရှုပ်​​နေတဲ့​မွေးမိခင်
နှင့်​တန်းတိုးသည်​ ။ အရင်​ဆို အခုချိန်​​လောက်​ဆို
တီဗွီ​ရှေ့​ရောက်​​နေသူကအခု​တော့ ခြင်းတလုံးကိုလက်
ကဆွဲလို့မီးဖိုခန်းထက်​ဝင်​သွားပြန်​သည်​ ။

"​မေ​​မေ !! ဘာ​တွေလုပ်​​နေတာလဲ
မျက်​စိ​တွေကို​နောက်​လို့"

မွေး​မေ​မေက အလုပ်​ရှုပ်​​နေသည့်​ကြားက​နေသူ့ကို
မျက်​​စောင်းလှမ်းထိုးလိုက်​​သေးသည်​။ ဟင်းဘူး​တွေ
ကိုခြင်းထဲဂရုတစိုက်​ထည့်​​နေပုံအရ ဘယ်​ကိုများသွား
ပို့ရမှာမို့လို့လဲ။ စဉ်းစားကြည့်​ရင်​လဲ ထိုဟင်းဘူး​တွေ
သွားပို့စရာတ​နေရာမှမရှိ။ရှိတာမှမိသားစုဝင်​သုံး
ယောက်​ထဲ​လေ။

"ကဲ ​ရော့!! အမ့သားမက်​​လေးဆီသွားပို့​ပေး
သူကြိုက်​တာ​လေး​တွေချည်းပဲချက်​ထားတာ"

သောက်​လက်​စ​ရေ​တောင်​ပါးစပ်​ထဲကပြန်​မထွက်​လာ
အောင်​မနည်းကြိုးစားလိုက်​ရသည်​။ ​မေ​မေတို့များ
သားမက်​ဆိုတာကြီးကိုပါးစပ်​ဖျားကကိုမချဘူး။ကိုယ့်
သား​လေးတ​ယောက်​လုံးဖျား​နေတာကိုကျဂရုမစိုက်
ဘဲမ​တော်​ရ​သေးတဲ့သားမက်​ကိုချစ်​​နေလိုက်​တာ။
နေစမ်းပါဦး!! အဲ့လူကြီးကိုသားမက်​လို့​ခေါ်ရ​အောင်
ကျွန်​​တော်​က ဘာလဲ??

HEARTLESSWhere stories live. Discover now