အပိုင်း [ ( ၁၅ ) ]

3.7K 419 22
                                    


'လွှတ်​​ပေးစမ်း´ ဆိုတဲ့ အသံစူးစူးက​လေးက ပတ်​ချန်း
ယောလ်​၏ရင်​ခွင်​ထဲက မပြတ်​တမ်းထွက်​​ပေါ်​နေပြီးဆူ
ညံ​နေ​တော့သည်​ ။ လွှတ်​ချပစ်​မည်​ကို​ကြောက်​လန့်​​နေ
တာ​ကြောင့်​ ရင်​ဘတ်​ကအင်္ကျီစကိုတွန့်​​ကြေ​နေ​အောင်
လက်​တဖက်​ကဆွဲဆုပ်​ကိုင်​ထားပြီး ​ခြေ​ထောက်​​တွေကို
လှုပ်​ယမ်းကာ​ဗြောင်းဆန်​​နေ​တော့သည်​။ ​ဆေးရုံဝန်း
ထဲမှာမို့ ​တွေ့​တွေ့သမျှလူတိုင်းကလဲ ကွက်​ကြည့်​ကွက်
ကြည့်​လုပ်​​နေကြပြီ ။

" တိတ်​​နေ​နော်​ အဆိုးအ​ပေ​လေး လူနာ​တွေလဲရှိ​နေ
တာကို မတိတ်​ရင်​ ဟိုးကို​ရောက်​သွား​အောင်​ပစ်​ထုတ်
ပေးလိုက်​ရမလား "

ပတ်​ချန်း​ယောလ်​ရဲ့ဗြီတီတီရုပ်​ကြီးနဲ့ ခြိမ်း​ခြောက်​စကား
ကြောင့်​ ​ဗြောင်​ဘတ်​ဟျွန်းတို့အသံတိခနဲရပ်​သွား​တော့
သည်​ ။ သို့​ပေမဲ့လဲ ရင်​ခွင်​ထဲက​နေ မ​ကျေမချမ်းအ
ကြည့်​​တွေနဲ့ အံကြိတ်​ကာ​မော့ကြည့်​​နေ​သေးသည်​ ။

ချန်း​ယောလ်​က ထိုင်​ခုံတန်း​တွေနားအ​ရောက်​မှာ
သူ့ကိုချ​ပေးလိုက်​တာနဲ့ ချက်​ချင်းပဲလှည့်​ထွက်​ပြေး
မလို့ ကိုယ်​ကို​စောင်းလိုက်​ရုံရှိ​သေး လက်​​ကောက်​ဝတ်
ကို ချက်​ချင်းပဲလာဆုပ်​ကိုင်​လိုက်​တာနဲ့ လက်​တဖက်
ကြောင့်​ ​ပြေးလို့မရ​တော့။

"ခင်​ဗျား ဘယ်​လိုဖြစ်​​နေလဲဆို "

ဘတ်​ဟျွန်းက လှည့်​​အော်​လိုက်​​​ပေမဲ့ ပတ်​ချန်း​ယောလ်
က ခပ်​တည်​တည်​ပင်​ ​လက်​​ကောက်​ဝတ်​က​နေဆွဲ​ခေါ်
လာပြီး ခုံမှာအတင်းကိုထိုင်​ခိုင်း​နေပြန်​တယ်​ ။

"မထိုင်​ဘူး ခင်​ဗျား ဖယ်​ ကျွန်​​တော်​ အိုဆယ်​ဟွန်းနဲ့
စာရင်းရှင်းရဦးမယ်​ "

" မင်းဟာ​လေ တကယ်​ပဲ ! ​"

"ဘာလဲ ဘာဖြစ်​လဲ ​ပြော "

ချန်း​ယောလ်​က နည်းနည်းဆို သူက များများပြန်​​အော်
ပြန်​တယ်​ ။ ချန်း​ယောလ်​က လက်​​ကောက်​ဝတ်​ကိုမ
လွှတ်​တမ်းကိုင်​ထားပြီး​ဘေးမှာဝင်​ထိုင်​လိုက်​တယ်​ ။
ဒီ​ပြောမရဆိုမရ​လေးကို သူဘယ်​လိုနားဝင်​​အောင်​ဆုံးမ
ပေးရပါ့မလဲ ။

HEARTLESSWhere stories live. Discover now