[ အ ပိုင်း (၄) ]

3.3K 429 29
                                    


သိပ်​ဟုတ်​တာ​ပေါ့။
ငါကိုယ်​တိုင်​က ချစ်​မိ​နေမှ​တော့
အနွံတာ​တွေ ခံရ​တော့မှာ​ပေါ့​လေ ။
သူ့အချစ်​က ကိုယ့်​လောက်​မှသက်​တမ်းမရှည်​တာ​လေ

_______________H E A R T L E S S (၄)

" အ ပိုင်း [​ ​လေး ] "

ဦးထုပ်​ကို ​နောက်​ပြန်​​ဆောင်း ၊ အင်္ကျီခပ်​ပွပွ ကြီးကို
ဝတ်​ ၊ အပြဲများစွာနဲ့ ဂျင်း ​ဘောင်းဘီကို ဝတ်​ ၊
ကျောပိုးအိတ်​ကို လွယ်​ကာ အကြံကြီးစွာ တချက်
ပြုံးလိုက်​သည်​ ၊

ကဲ​ရော်​______ဘာတတ်​နိုင်​​သေးလဲ ။
ဒီလို ပုံစံမျိုးနဲ့ဆို လူကြီးလူ​ကောင်းကြီး စိတ်​ပျက်
သွားနိုင်​ပါရဲ့_____။

လက်​ထပ်​ပွဲကို ချက်​ချင်းကြီးကို တန်းငြင်းပစ်
ပေးမှာ ______ဟင်း ဟင်း ။

တက်​ကြွတဲ့ ​ခြေလှမ်း​တွေက ​ခေါင်း​ညောင်းမတတ်
မော့ကြည့်​ရတဲ့ တ​မျှော်​​ခေါ် ကုမ္ပဏီကြီး အ​ရှေ့
အ​ရောက်​ ဒူးတုန်​လာပြီ ။

ဂင်​မင်​​ဆော့ ဖိုက်​တင်း_____မင်းလုပ်​နိုင်​ပါတယ်​၊

မဟုတ်​ရင်​ မင်းဘဝ ​ယောင်္ကျားရ​တော့မဲ့အ​ရေး​နော်​၊

ဒါ​ပေါ့ လုပ်​နိုင်​ရမှာ​ပေါ့ ၊အဲ့လူကြီးရဲ့ မျက်​နှာကို

တည့်​တည့်ုကြီး ကြည့်​ပြီး ငြင်းပစ်​ရမယ်​ ။

စိတ်​ကိုတင်းကာ ကုမ္ပဏီထဲ ဝင်​​လိုက်​သည်​ ။

ဘယ်​လိုဝန်​ထမ်း​တွေလဲ ။အိုဆယ်​ဟွန်​ဆိုတဲ့
လူကြီးနဲ့ ​တွေ့ချင်​ပါတယ်​ ဆိုတာကို လူကို ပြုံးစိစိ
နဲ့ ဝိုင်း ကြည့်​​နေရတယ်​ လို့ ။ လူက ဟာသပုံစံ​ပေါက်
နေလို့လား ၊ မ​ပြောလိုက်​ချင်​ဘူး ၊ အရူးလက်​​အောက်
မှာ အလုပ်​လုပ်​​နေရတဲ့ လူ​တွေ ဆို​တော့ အင်း​ပေါ့
ဒီ​လောက်​​တော့ ရှိမှာ​ပေါ့​လေ ။

"ကြိုချိန်းထားတာလား ____သူ​ဌေးက
အခု မအား​သေးလို့____"

HEARTLESSDonde viven las historias. Descúbrelo ahora