[ အပိုင်း (၅) ]

3.1K 406 15
                                    


သိပ်​ဟုတ်​တာ​ပေါ့။
ငါကိုယ်​တိုင်​က ချစ်​မိ​နေမှ​တော့
အနွံတာ​တွေ ခံရ​တော့မှာ​ပေါ့​လေ ။
သူ့အချစ်​က ကိုယ့်​လောက်​မှသက်​တမ်းမရှည်​တာ​လေ။

_______________H E A R T L E S S(၅)

"အ ပိုင်း [ ​​ငါး ] "

သေ​တော့မှာပဲ ___ ​ခေါင်း​တွေကို ကိုက်​ခဲ​နေတာပဲ။
ခေါင်းတခုလုံး တူကြီးနဲ့ အထုခံရသလိုမျိုးကြီးမို့
သူ ကုတင်​​ပေါ်က ကုန်းကြုံးထကာ နထင်​ကို
လက်​မနဲ့ ဖိကာ ပါးစပ်​ကလဲ တကျွတ်​ ကျွတ်​နှင့်
အားရပါးရ ညည်းသံ​ပေးပြီးမှ ​ရောက်​​နေတဲ့ အခန်း
ကို သတိထားကြည့်​မိလိုက်​သည်​ ။

ဘုရား !! ဒါ ဘယ်​​နေရာကြီးတုန်း ။ဒါ ကျွန်​​တော့်
အခန်းမဟုတ်​သလို ဘတ်​ဟွန်း အခန်းလဲမဟုတ်​ဘူး။

အခန်းပတ်​ပတ်​လည်​ လှည့်​ပတ်​​ခေါင်းယမ်းကြည့်
ပေမဲ့ ဘယ်​သူ့အခန်းမှန်းကိုမသိ၊ ဘုရား​ရေ____
ညက အဖြစ်​အပျက်​​တွေကို ပြန့်​​ခေါ်ကြည့်​​တော့__

သောက်​တယ်​____မူးတယ်​____​မှောက်​တယ်​။

ဗု​ဒ္ဓေါ ____၊ ဟို လူကြီး ​ရောက်​လာတယ်​ ၊
ဒါ___ဒါဆို ဒါက ဒီလူကြီး အခန်းပဲ ၊ အိုးမိုင်​​ဂေါ့___

ဘာ​တွေဖြစ်​သွား​သေးလဲ ၊ ခြုံထားတဲ့​စောင်​ကိုဖယ်
ကာ ငုံ့ကြည့်​လိုက်​​တော့ မှ_______

ဟူး___​တော်​​သေးတာ​ပေါ့ ဘာမှမဖြစ်​လို့။

တော်​​သေးတယ်​ ​တော်​​သေးတယ်​ ၊ဘုရားသိကြားမလို့။

သက်​ပြင်းချကာ ​စောင်​ကိုဖယ်​ပြီး ထမယ်​အလုပ်
အခန်းတံခါးပွင့်​လာပြီး ဝင်​လာတဲ့ လူကြီး​ကြောင့်
ပြန်​ထိုင်​​နေလိုက်​တယ်​ ၊ အဲ့လူကြီးက ရှပ်​အင်္ကျီ
အဖြူလက်​ရှည်​ကို တံ​တောင်​ဆစ်​ထိ အချိုးကျကျ
ခေါက်​တင်​​နေသည်​။

"အမူးသမား​လေး______ထ​တော့
၉ခွဲ​နေပြီ__ခဏ​နေရင်​ လူကြီး​တွေလာ​တော့မယ်​ "

ဘာကြီး___လူကြီး​တွေ၊လူကြီး​တွေက ဘာလာ
လုပ်​မှာတုန်း။

HEARTLESSWhere stories live. Discover now