[အပိုင်း (၁၄ )]

3.6K 450 24
                                    


" ဆယ်​ဟွန်းလဲ သိတယ်​မလား ! သားက နှလုံးအစာ
ထိုးထားရတယ်​ဆိုတာကို "

ဆယ်​ဟွန်းဟာ ​ခေါင်းကို​လေး​လေးပင်​ပင်​ညိတ်​ပြလိုက်
မိတယ်​။'နှလုံးအစားထိုး´ဆိုတဲ့စကားကိုကြားရတိုင်း
ကိုယ့်​ကိုကိုယ်​မလုံတာ​တွေ​တောင်​ဖြစ်​တတ်​သည်​​လေ။
က​လေးရဲ့မာမီက​တော့ ကိုယ့်​လက်​ထဲကို က​လေးကို
စိတ်​ချလက်​ချအပ်​ချင်​ပါတယ်​တဲ့။သည်​တ​ခေါက်​လို
အဖြစ်​မျိုးထပ်​မဖြစ်​လာရင်​​ကောင်းမယ်​တဲ့။

မရှိ​စေရ​တော့ပါဘူး၊ထပ်​မဖြစ်​လာ​စေရ​တော့ပါဘူး။
ကိုယ်​ကအများကြီးချစ်​လာခဲ့ပြီ​လေ။ တန်​ဖိုးထားလာ
ခဲ့ပြီ။စောင့်​​ရှောက်​​ပေးပြီးအနားမှာပဲထားချင်​လာပြီ။

မြတ်​မြတ်​နိုးနိုး ချစ်​လာခဲ့ပြီမို့ ။

အတ္တကြီးလွန်းခဲ့တဲ့ကိုယ့်​ကိုကိုယ်​​ဒေါသထွက်​မိခဲ့တယ်​၊
ဘယ်​လိုများ ကိုယ်ဟာဆိုးရွားခဲ့ရတာလဲ။ အသက်
၂၀ပြည့်​ရုံ က​လေးရဲ့လွတ်​လပ်​ပိုင်​ခွင့်​​တွေကို ကိုယ့်
အတ္တ​တွေနဲ့ အိမ်​​ထောင်​ဆိုတဲ့​လှောင်​အိမ်​ထဲဆွဲသွင်း
ဖို့လုပ်​ခဲ့မိသည်​​လေ ။ က​လေးဘာ​လောက်​ထိများ
ဒေါသထွက်​ခဲ့လိမ့်​မလဲ။က​လေးဘာ​လောက်​ထိများ
ကိုယ့်​ကိုမုန်းတီးခဲ့လိမ့်​မလဲ ။ က​လေးရဲ့ဆန္ဒ၊သ​ဘော
တွေကိုမ​မေးမြန်းဘဲ မရမက က​လေးကိုလက်​ထပ်​ဖို့
ထိကိုကြံရွယ်​ခဲ့သည်​​လေ။

ကိုယ်​က မ​ကောင်းတဲ့​ကောင်​မဟုတ်​လားက​လေး။
ကိုယ်​ကအရမ်းကိုဆိုးတဲ့​ကောင်​မဟုတ်​လား။

က​လေးကိုအများကြီးစိတ်​ဒုက္ခ​ရောက်​​အောင်​လုပ်​ခဲ့ပြီး
အများကြီးကိုငို​စေခဲ့တယ်​ ။ ထပ်​ပြီး ​ဆေးရုံ​ပေါ်ထိ
ရောက်​​အောင်​​တောင်​စိတ်​ဒုက္ခ​ပေးခဲ့တာပဲ ။
'တဖက်​သားကို နာကျင်​​စေရပြီးမှ ရလာတဲ့​ပျော်​ရွှင်
မှု´ မလိုချင်​နဲ့ သားလို့ မာမီကခဏခဏဆုံးမတတ်
တာကိုဂရုမစိုက်​ခဲ့မိခြင်းရဲ့​နောင်​တ​တွေပဲက​လေး။

ကိုယ်​ ကတိ​ပေးတယ်​ ။

ထပ်​ပြီး မငို​စေရ​တော့ပါဘူး ။

HEARTLESSWhere stories live. Discover now