[ အ ပိုင်း (၈) ]

3.2K 399 11
                                    


မလှမ်းမကမ်းမှာ ရပ်​ထားတဲ့ကားကို မသိမသာလှမ်း
လှမ်းကြည့်​ကာ အကဲခတ်​​နေရသည်​။အ​ကြောင်းကား
ကား​ပေါ်မှာ ကျွန်​​တော်​လက်​ထပ်​ရ​တော့မည့်
'အိုဆယ်​ဟွန်း´ ဆို​သောလူကြီးရှိ​နေသည်​​ကြောင့်​။
ကျောင်း လွှတ်​ချိန်​ဖြစ်​​နေ​ပေမဲ့ ကျွန်​​တော်​ ကား​ပေါ်
မနက်​​သေးဘဲ ​ကျောင်းဝနားမှာ ဆိုမီ ၊ ဘတ်​ဟွန်းတို့
နဲ့အတူစကားရပ်​​ပြော​နေခြင်း ။ လူကြီးတ​ယောက်
ကျွန်​​တော့်​အ​ပေါ် သဝန်​တိုခြင်းရှိ၊မရှိ စမ်းသပ်​ကြည့်
ချင်​တာ​ကြောင့်​ပင်​။ ဆိုမီ ဆိုတာက အတန်းထဲက
မိန်းက​လေး။ ချစ်​စရာ​ကောင်းလွန်းတဲ့ဆိုမီက ဆံပင်
ကိုနှစ်​ဖက်​​ခွဲစီးထားကာ နီနီရဲရဲပါးမို့မို့​လေးနဲ့ မျက်​လုံး
လေး​တွေပိတ်​သွား​အောင်​ရယ်​​မောရင်း ကျွန်​​​တော့်
အနားမှာ မတ်​တပ်​ရပ်​​နေသည်​။ ဆိုမီကိုအခုလိုအနား
ခေါ်ထားပြီး ဟိုလူကြီးသဝန်​တို​အောင်​လုပ်​​နေတာက
ဘတ်​ဟွန်းရဲ့အကြံပင်​။ဆိုမီကိုလဲ အကူညီ​​တောင်းထား
ရ​သေးသည်​။

ကားထဲက လူကြီးကလဲ တချက်​တချက်​ လှမ်း​တော့
ကြည့်​​နေသား ။ ​ပြောစရာစကားမရှိ ရှာကြံ​ပြောကြရင်း
မိနစ်​နှစ်​ဆယ်​တိတိ အချိန်​ဆွဲမတ်​တပ်​ရပ်​​နေလိုက်
သည်​။ဟိုလူကြီးကလဲ စိတ်​ရှည်​ရှည်​နဲ့ ​စောင့်​​နေသား။

" အိမ်​ပြန်​​ရောက်​ရင်​ ဖုန်းဆက်​​နော်​ ၊ ငါလဲအ​ခြေအ​နေ
လေးသိချင်​လို့"

ဘတ်​ဟွန်းက ကျွန်​​တော့်​အားမသိမသာ မျက်​စပစ်​ပြ
ရင်း ဟိုလူကြီးဘက်​ကိုလဲ လှမ်းနူတ်​ဆက်​လိုက်​ပြီး
ထွက်​သွား​တော့သည်​။ ကျွန်​​တော်​နဲ့ ဆိုမီသာကျန်​ခဲ့
တော့သည်​။ ငါးမိနစ်​​လောက်​အချိန်​ထပ်​ဖြုန်းလိုက်
သည်​။ ဟိုလူကြီးစိတ်​တို​နေပါ​လေစ။ ကားတံခါးကို
ဆွဲဖွင့်​လိုက်​ပြီးဝင်​ခါနီးမှ ဆိုမီက လက်​မနဲ့လက်​သန်း
လေး​ထောင်​ကာဖုန်းဆက်​မယ်​လို့ တမင်​လှမ်း​ပြော
ပေးလာသည်​။

"ညကျရင်​ ဖုန်းဆက်​မယ်​​နော်​"

ဆိုမီရဲ့အကြံကိုသိ​လေ​တော့ ကျွန်​​တော်​ပြုံးကာ​ခေါင်း
ညိတ်​ပြလိုက်​​တော့သည်​။ ​တော်​လိုက်​တဲ့ ဆိုမီ။
ကားထဲဝင်​ထိုင်​ခါးပတ်​ပတ်​ပြီး​တော့ ကားက​မောင်း
ထွက်​လာခဲ့သည်​။ တိတ်​ဆိတ်​ငြိမ်​သက်​​နေတဲ့လူကြီး
ဘက်​ကို မသိမသာ​စောင်းငဲ့ကြည့်​မိ​လေ​တော့
ထိုလူကြီးက ကားကိုသာအာရုံစိုက်​​မောင်း​နေသည်​။
ပကတိအတိုင်း တည်​ငြိမ်​​နေတဲ့မျက်​နှာထက်​ ​ဒေါသ
ုဖြစ်​​နေမူ၊သဝန်​တိုဖြစ်​​နေမူ ဆိုတဲ့အရိပ်​အ​ယောင်​​တွေ
ကိုအစအနပင်​ရှာလို့မရ။

HEARTLESSWhere stories live. Discover now