[ အပိုင်း ( ၁၂ )]

3.2K 427 33
                                    

တတီတီ မြည်​ကာ​နေ​သော နှိုးစက်​​လေးသည်​ ၅စက္ကန့်
လောက်​သာကြာချိန်​ရှိလိုက်​သည်​ ။ လှမ်းကာခလုတ်​ကို
ပိတ်​လိုက်​​သောလက်​တဖက်​သည်​ ​စောင်​ပုံကြားထဲ
ပြန်​ကာတိုးဝင်​သွားပြန်​သည်​။ ခန္ဓာကိုယ်​တခုလုံး
စောင်​ထူထူကြားထဲ​ကွေး​ကွေး​လေးနစ်​မြုပ်​လို့မျက်နှာ
လေးတခုသာ​ပေါ်​နေသည်​။အသက်​ရှူသံမြန်​မြန်​​လေး
ထွက်​​ပေါ်လာ​နေပြီ ကုတင်​ထက်​က​​စောင်​ထူထူကြား
ထဲနစ်​မြုပ်​​နေသည့်​​ကောင်​​လေးသည်​အိပ်​​မောကျ​နေဆဲ။

" ဂင်​မင်​​ဆော့ !! နှိုးစက်​ကိုပိတ်​ပြီးပြန်​အိပ်​​နေပြန်​တာ
လား !!!"

အိမ်​​အောက်​ထပ်​က အသံစူးစူး​ကြောင့်​ ​ကောင်​​လေး
သည်​နူတ်​ခမ်း​လေးတချက်​မဲ့ကာလွန့်​လူးသွားသည်​။
ပြီး​နောက်​ဆက်​၍သာအိပ်​​မော​ကျ​နေဆဲ။ အိမ်​​အောက်
ထပ်​က အသံစူးစူးလဲထပ်​ထွက်​မလာ​တော့ဘဲတိတ်
ဆိတ်​သွားသည်​။တစုံတ​ယောက်​က​တော့ ​ကောင်​​လေး
ရဲ့အခန်း​ရှေ့ကို​ရောက်​​နေ​လေပြီ ။ ​​ဖြေး​ဖြေး​လေးတွန်း
ဖွင့်​လိုက်​​တာ​ကြောင့်​ အခန်းတံခါးသည်​ ခပ်​ဟဟ​လေး
ပွင့်​လာပြီး တစုံတ​ယောက်​က​တော့​ကောင်​​လေးရဲ့
အခန်းထဲကို​ရောက်​လာ​ချေသည်​ ။

အခန်းထဲဝင်​လာတာနဲ့ မြင်​လိုက်​ရတဲ့ပုံ​လေး​ကြောင့်
ဆယ်​ဟွန်း၏နှုတ်​ခမ်းအစုံပြုံး​ယောင်​သမ်းသွား​ချေ
သည်​ ။ ကုတင်​​ပေါ်က ​အဖြူ​ရောင်​​စောင်​အထူကြီး
ကြား မြှုပ်​​နေ​သောခန္ဓာကိုယ်​​သေး​သေး​လေး။
မျက်​နှာ​လေးသာ​ပေါ်​နေပြီးနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်
နေဆဲ ။ သူ ကုတင်​​ဘေးအစွန်းမှာဝင်​ထိုင်​လိုက်​​တော့.
ကောင်​​လေးကသူ့ဘက်​ကို​စောင်းကာလှည့်​အိပ်​လိုက်
တာမို့ ဆယ်​ဟွန်းရယ်​မိလိုက်​တယ်​ ။

" ထ​တော့ က​လေး!! ​ကျောင်း​နောက်​ကျမယ်​"

ဆယ်​ဟွန်းကမင်​​ဆော့ရဲ့နဖူး​ပေါ်ဝဲကျ​နေတဲ့ဆံပင်​စ
လေး​တွေလက်​နဲ့သပ်​တင်​​ပေးလိုက်​ရင်းနှိုးလိုက်​တယ်​။
သို့​ပေမဲ့လဲ မျက်​​နှာ​လေးရှုံ့ မဲ့သွားကာ ခန္ဓာကိုယ်​ကို
ပိုလို့​တောင်​​ကွေးလို​က်​​သေးတယ်​။မင်​​ဆော့ရဲ့အပြု
အမှု​လေး​ကြောင့်​ ဆယ်​ဟွန်းသ​ဘောတကျအသံထွကိ.ရယ်​လိုက်​​တော့တယ်​။

HEARTLESSWhere stories live. Discover now