ဇာတ်​သိမ်းပိုင်း

4.4K 445 18
                                    

ဆယ်​ဟွန်းရဲ့မျက်​နှာဟာ တည်​ကြည်​​နေသည်​ထက်​ပို
ပြီး  မချင့်​မရဲဖြစ်​​နေတဲ့ဘက်​ကိုသွား​နေတယ်​ ။
စကားလုံးတလုံးကိုစတင်​ဖို့ နှုတ်​ခမ်း​တွေကိုဖွင့်​ဟ​ပေး
ဖို့ကို​တောင်​  ခက်​ခဲ​နေသလိုနဲ့ ​တော်​​တော်​​လေးအားယူ
နေရတဲ့ပုံ​ပေါက်​​နေတယ်​  ။  တခုခုကို ဝန်​ခံ​တော့မည့်
ဆယ်​ဟွန်းရဲ့ဟန်​ပန်​​တွေဟာ  အရမ်းကိုခက်​ခဲ​နေတယ်
ဂနာမငြိမ်​ဖြစ်​​နေတဲ့မျက်​လုံးအိမ်​​တွေဟာ တချက်
တချက်​  မင်​​ဆော့ဆီအကြည့်​ပို့လာတတ်​သည်​ ။

"   ​ပြောပါ   ကျွန်​​တော်​နား​ထောင်​​ပေးမယ်​​လေ
      ဆယ်​ဟွန်း အဲ့လိုဖြစ်​​နေတဲ့ပုံစံကမှ ကျွန်​​တော့်​ကို
     ပင်​ပန်း​စေတာ​လေဗျာ   "

ရံဖန်​ရံခါထို​ကောင်​​လေးဟာ  ကိုယ့်​ထက်​ပင်​အများကြီး
နားလည်​​ပေးတတ်​တဲ့လူကြီး​လေးဟန်​ပန်​ဖြစ်​သွားတတ်
သည်​  ။

"   ကိုယ်​​ပြောတာကို  ​သေချာနား​ထောင်​ မင်​​ဆော့
      ပြီးရင်​  မင်း ကိုယ့်​ကိုကြိုက်​သလိုထုရိုက်​နိုင်​တယ်
       ကြိုက်​သလို​ပြောဆိုနိုင်​တယ်​  ' ကိုယ့်​အနားက
     ထွက်​သွားမယ်​ ´ ​ဆိုတဲ့  စကားကလွဲလို့​ပေါ့
      ကိုယ်​ မင်းကို ချစ်​တယ်​ ဆိုတာ​တော့သိထား​ပေး"

ဆယ်​ဟွန်းဟာ​လေး​လေးနက်​နက်​စကားဆိုကာ
မင်​​ဆော့ရဲ့လက်​ကိုဖိကာအုပ်​ကိုင်​လာတယ်​ ။
ဆယ်​ဟွန်းရဲ့မျက်​ဝန်း​တွေမှာ ​တောင်းပန်​​နေမူအရိပ်
အ​ယောင်​​တွေဟာပြည့်​နှိက်​လို့​နေသည်​ ။

"   ​ပြောပါ   ကျွန်​​တော်​ခင်​ဗျားအနားမှာရှိ​နေတယ်​​လေ
   တမနက်​လုံးဒီစကား​တွေကိုပဲထပ်​ခါထပ်​ခါ​ပြော​နေ
   တာ  အခုထိလိုရင်းကိုမ​ရောက်​​သေးဘူး​နော်
     ကျွန်​​တော်​   စိတ်​တိုလာပြီ "

ဆယ်​ဟွန်းရဲ့လက်​​အောက်​မှာအုပ်​ကိုင်​ထားခြင်းခံရတဲ့
လက်​က​လေးတဖက်​ကိုဆတ်​ခနဲဆွဲယူသွားပြီးလက်
နှစ်​ဖက်​ကိုဟန်​ပါပါပိုက်​ပစ်​ကာနှုတ်​ခမ်း​တွေကိုဆူပစ်
လိုက်​​ပေမဲ့ဆယ်​ဟွန်းဟာက​လေးဆန်​တဲ့သူ့အပြုအမူ
ကိုအရင်​လိုရွင်​ပြပြမ​ရယ်​​မော​တော့။

You've reached the end of published parts.

⏰ Last updated: Oct 11, 2018 ⏰

Add this story to your Library to get notified about new parts!

HEARTLESSWhere stories live. Discover now