10. တစ်ဦးတည်းသော သက်ဆိုင်သူ

16.9K 1.3K 67
                                    

Chapter - 10

<Unicode>

လီမင်းက အ,အ တစ်ယောက်မဟုတ်ပါ။ မနေ့ညက နှစ်ယောက်စလုံး အဆောင်ကိုပြန်မလာကြတာ သူသိတယ်။ အခု မိုင်ဒင်းလဲကြည့်ပါဦး။ နွေဦးပန်းခင်းကြီးထဲလျောက်နေရသလို ရူးကြောင်ကြောင် မျက်နှာနဲ့... စောက်ခွက်ကလည်း ဖြီးနေတာ နားရွက်တက်ချိတ်တော့မယ်။ လမ်းလျောက်ပုံကလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ ထူးဆန်းနေတယ်။ ဒီလောက်ဆို လီမင်းရဲ့ နှာဘူးစကေးနဲ့ မနေ့ညက မိုင်ဒင်း အပျိုစင် အဲမဟုတ်ဘူး လူပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရပြီလို့ သေချာပောက်တွက်လိုက်တယ်။

"ဆိုတော့ကာ အန်းဇီယန်က အိပ်ရာထဲမှာ ဘယ်လိုနေလဲ''

ကွေ့ဝိုက်မနေပဲ ဒဲ့မေးလိုက်တယ်။ မဟုတ်လည်း ဒီမေးခွန်းပဲရောက်မှာပဲ။ မိုင်ဒင်းမျက်နှာကြီးနီလာပြီး လက်လှမ်းမှီသမျှနဲ့ လီမင်းကိုလှမ်းပေါက်တယ်။

"ဘာစောက်စကားပြောလိုက်တာလဲ။ အန်းဇီယန်နဲ့ငါက...''

ပထမ မိုင်ဒင်း ဘူးခံငြင်းမလို့ပဲ။ ဒါပေမဲ့ မနေ့ညက အန်းဇီယန်နဲ့သူနဲ့ နှစ်ဦးသဘောတူသောင်းကျန်းခဲ့တာတွေကို ပြန်တွေးမိတော့ ဆက်တောင် မကိုက်နိုင်တော့ဘဲ မျက်နှာကြီးနီရဲသွားလေရဲ့။ လီမင်းက မှန်တစ်ခုထုတ်ယူလိုက်ပြီး ရိုးသားတယ်လို့ တစ်စက်မှ ထင်စရာအကြောင်းမရှိတဲ့ မိုင်ဒင်းရဲ့အပြုံးမခို့တရို့ကြီးရှေ့မှာ ထိုးပြလိုက်တယ်။

"ကြည့်စမ်းဒီမှာ။ ဖင်ပိတ်ငြင်းမနေနဲ့။ မင်းအခွက်ကြီးမှာ အကုန်ပေါ်နေတာ။ ပြီးတော့ စိတ်ချစမ်းပါဟ။ ငါ ဘယ်သူ့ကိုမှမပြောပါဘူး''

"မင်း ဒီလိုကိစ္စမျိုးကို ထူးဆန်းတယ်လို့ မထင်ဘူးလား''

"ဟောလ် မိုင်ဒင်းရယ်။ မင်း ဘယ်ရာစုမှာနေနေတာလဲ။ ၂၁ ရာစုရောက်နေပြီကွ။ နေပါဦး မနေ့ညက တကယ်လုပ်ခဲ့ကြတာလား''

လက်ညိုးနဲ့လက်မအဝိုင်းလေးထဲကို လက်ညိုးသွင်းပြလိုက်ရင်း တဏှာရူးအပြုံးကြီးနဲ့ လီမင်းမေးလိုက်တယ်။ ကောင်မလေးတစ်ယောက်လို မိုင်ဒင်းထပ်ပြီး ရှက်သွားပြန်တယ်။ လီမင်းရဲ့ဖင်ကို နှချက်လောက်ဆင့်ကန်ချင်ပေမဲ့ ဂုဏ်ယူစွာနဲ့ကြွားလိုက်တယ်။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now