28. အချစ်ဆိုတဲ့အရာက အပြစ်တစ်ခုတဲ့လား

9.3K 826 70
                                    

Chapter - 28

<Unicode>

မိုင်ဒင်း အန်းဇီယန်ပြန်အလာကို စောင့်နေတုန်းမှာ
မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတယ်။

ပိုင်ရှောင်စီက အဆောင်အောက်ကနေ မိုင်ဒင်းနာမည်ကို
အရှက်မရှိစွာ အာပြဲကြီးနဲ့ အော်ခေါ်လိုက်တယ်။
အဆောင်အောက်ငုံ့မကြည့်ဘဲ ဘယ်သူလဲဆိုတာ
အသံပါဝါအရ မိုင်ဒင်း ခန့်မှန်းနိုင်တယ်။

ကျောင်းဝင်းနားက cafe မှာ နှစ်ယောက်သား ထိုင်ဖြစ်တယ်။

"မိုင်မိုင် ငါ အခုလာတယ်ဆိုတာ နှုတ်ဆက်ဖို့လာတာ။
စာဆက်သင်ဖို့ အမေရိကကို ပြန်သွားရတော့မယ်''

ပိုင်ရှောင်စီက လေပွေတစ်ခုလိုပဲ ရုတ်တရက်ရောက်လာပြီး
ရုတ်တရက် ပြန်ထွက်သွားတယ်။ သူတို့ချစ်ခြင်းကို
စိတ်ရင်းနဲ့ထောက်ခံပေးတဲ့ ပိုင်ရှောင်စီကို
ပြန်မသွားစေချင်တာ မိုင်ဒင်းဆန္ဒအမှန်ရယ်ပါ။
ဒါ့အပြင် အခုမှခင်ရတယ်ဆိုပေမဲ့ အရင်ထဲကခင်ခဲ့ရတဲ့
သူငယ်ချင်းအရင်းတွေလို မိုင်ဒင်းနဲ့ပိုင်ရှောင်စီ ရင်းနှီးနေပြီ။

"ဒီမှာပဲ စာပြန်သင်ပါ့လား''

"ငါ့ကို လာပြီး ဟိုဟာလုပ်ဒီဟာလုပ် ပြောကြမှာ မကြိုက်ဘူး။
အိမ်က မုန်းချင်စရာကောင်းအောင်ကို စကားများတယ်''

ပိုင်ရှောင်စီနဲ့ အန်းဇီယန်က ဒီနေရာမှာ သွားတူကြတယ်။
နှစ်ယောက်စလုံး နားငြီးမခံနိုင်တဲ့နေရာမှာ တူတာ။
ဒါပေမဲ့ အန်းဇီယန်အကြောင်း တွေးလိုက်ချင်းချင်းပဲ
သွေးကြီးလာတယ်။ ကော်ဖီကိုဇွန်းနဲ့ အားရပါးရမွှေလိုက်တယ်။

"ဒါနဲ့ ရှောင်စီ။ အန်းဇီယန် ဘာဖြစ်နေတာလဲ သိလား?''

"ငါ့အထင် အဲ့ဒိအကောင်က နင့်ကို ဘာမှမပြောဘူးပဲ''

"အဲ့ဒါဆို နင် အဲ့ဒီကိစ္စကို သိတယ်ပေါ့''

"သူ့အဘိုးက နေမကောင်းဖြစ်နေလို့ ဆေးရုံတက်နေရတယ်။
သူက ဆေးရုံမှာ သူ့အဖိုးကို လူနာစောင့်ပေးနေရတာ။

အန်းဇီယန့်မိဘတွေက အမြဲလိုလို အလုပ်ရှုပ်နေကြတာ။
အဖိုးကပဲ သူ့ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။
အန်းဇီယန်က သူ့အဖိုးကို အချစ်ဆုံးပဲ''

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now