75. ရိုးရှင်းသောလမ်းခွဲမှု

8.2K 674 71
                                    

Chapter - 75

<Unicode>


မိုင်ဒင်းအမေက မိုင်ဒင်းကိုလျစ်လျူရှုထားတယ်။ မိုင်ဒင်းက ခေါင်းမာမာနဲ့ သူ့စကားတွေကို ငြင်းဆန်နေတာမို့ သူမ သိပ်စိတ်ဆိုးနေတာ။ မိုင်ဒင်းကလည်း ထူးထူးခြားခြား ဘာစကားမှမပြောတော့ဘူး။ တကယ်လို့ တောင်းပန်လိုက်မိရင် အခုချိန်ထိ သူကြိုးစားသမျှ သဲထဲရေသွန်သလိုဖြစ်သွားမှာ။ ဒီတစ်ခေါက်မှာတော့ သူယုံကြည်တဲ့ဘက်မှာရပ်တည်ဖို့ ဆုံးဖြတ်ထားလေရဲ့။

ဆိုတော့ကာ နှစ်ယောက်သား မပြောမဆိုနိုင်အခြေအနေဖြစ်နေလေရဲ့။ ထမင်းစားနေတုန်း အဖွားက အဲ့ဒီ့ကိစ္စကို သတိထားမိသွားတယ်။

"အခုတလော သမီးတို့နှစ်ယောက် ဘာဖြစ်နေတာလဲ''

"အမေရယ်..ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့'' လို့ မိုင်ဒင်းအမေ ဖျော့ဖျော့လေးပြုံးရင်း ဖြေလိုက်တယ်။

ဒါပေမဲ့ တခုခုကိုဆုံးဖြတ်ပြီးတဲ့ မိုင်ဒင်းက ထမင်းပန်းကန်လုံးကို ဆောင့်ချလိုက်တယ်။

"အနှေးနဲ့အမြန်တော့ အဖွားလဲသိလာမှာပဲ''

"မိုင်ဒင်း..တော်တော့လို့အမေပြောနေတယ်လေ''

"အမေ့ကို အရှက်ရအောင်လုပ်တယ်လို့ ခံစားရလို့လား။ အဖွား.. သားအဖွားကို အမှန်အတိုင်းပြောပြမယ်''

"မိုင်ဒင်း...''

"ကဲ ပြောမှာဖြင့်ပြောကြပါ. ဘာတွေဖြစ်နေတာလဲဆိုတာ''
အဖွားတစ်ယောက် ဒီသားအမိကို ဘာတွေက ဒီလောက်ဖြစ်သွားစေလဲ အရမ်းသိချင်နေပြီ။

"ကျွန်တော် ယောကျာ်းတစ်ယောက်နဲ့ တွေ့နေတာ''
မိုင်ဒင်းအမေက တားမြစ်နေပေမဲ့ မိုင်ဒင်း ပြောဖြစ်အောင်ပြောလိုက်တယ်။ မိုင်ဒင်းအမေ ဒေါသထွက်တာ နှတ်ခမ်းတွေတုန်ရီလို့။ မိုင်ဒင်းရဲ့ စိတ်ကူးထဲမှာတောင်ပေါ်မလာနိုင်တဲ့ အကြောင်းရင်းကိုကြားပြီးမှာ မိုင်ဒင်းအဖွားရဲ့ စားလက်စပန်းကန်လဲ လွတ်ကျသွားတယ်။

"မိုင်ဒင်းလေး..အခုဘာပြောလိုက်တာလဲဟင်''

"ကျွန်တော် ယောကျာ်းတစ်ယောက်ကို ချစ်နေတာပါလို့''

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now