40. လက်ဆောင်ခြင်းပြိုင် ဘယ်သူနိုင်

10.6K 880 68
                                    

Chapter - 40

<Unicode>


"ပြစမ်းပါ။ မင်းရဲ့လက်ဆောင်က ဘာလဲဆိုတာ''

မိုင်ဒင်း သူ့လက်ထဲက ဝက်ဝံရုပ်ကြီးကို အနောက်ခုံကို
ဝှီးခနဲပစ်ထည့်လိုက်ပြီး ဘေးကအိတ်ကိုမွှေလိုက်တယ်။

"မင်းက တကယ်ကို အကျင့်မကောင်းတာပဲ။
ဒီနေ့က အယ်လန့်ရဲ့မွေးနေ့ဟာကို မင်းက
တခြားသူကို လက်ဆောင် ဝယ်ခိုင်းသေးတယ်။
မင်းလိုလူကို သူငယ်ချင်းတော်ထားရတာ အောက်တယ်''

"သူ့ကိုအရုပ်ပေးတယ်ဆိုတော့ မင်းကိုမင်း
အရမ်း အကျင့်ကောင်းမွန်တယ်လို့ ထင်တယ်ပေါ့''
အန်းဇီယန် ကားမောင်းရင်းပြန်ပြောတယ်။

"မင်းနားမလည်ပါဘူး။ ကောင်မလေးတွေအားလုံးက
အရုပ်ကိုချစ်တယ်ဆိုတာ။ အရုပ်တွေက ဘယ်လောက်
အပြစ်ကင်းစင်လဲဆိုတာ မင်းနားမလည်သေးဘူး။
မင်း မိန်းကလေးတွေအကြောင်း နားမလည်ပါဘူး''

ပားစပ်က စဆရကလုပ်ရင်း လက်ကအိတ်ကိုဖွင့်နေတယ်။
အိတ်ထဲမှာ အသားကောင်းတဲ့ ဘရန်းဝတ်စုံတွေပါတယ်။
မိုင်ဒင်း စကတ်တိုလေးကိုထုတ်ရင်း ရေရွတ်လိုက်တယ်။

"ရဲမေဝတ်စုံက ဘာသဘောတောင်လားဟ။
ဒါတွေက မင်းရဲ့ မွေးနေ့လက်ဆောင်လား''

အန်းဇီယန် ဟုတ်၏ မဟုတ်၏ ပြန်မဖြေဘူး။

"အကျင့်မကောင်းတဲ့ကောင်။ မင်းတို့လိုလူတွေရှိနေလို့
လူနေမှုပတ်ဝန်းကျင်ကြီးက ထိခိုက်နစ်နာနေတာ။
မိန်းကလေးတစ်ယောက်ကို ဒီလိုလက်ဆောင်ပေးရင်
အပေးခံရတဲ့ကောင်မလေး ဘယ်လောက်ရှက်နေမလဲ''

မိုင်ဒင်းဟာ အာကျယ်ကျယ်နဲ့ လူတွေကိုဆုံးမတတ်တဲ့
သူ့ရဲ့အကျင့်ကို မပြုပြင်နိုင်သေးဘူး။

"မင်းမကြာခင် အဖြေသိရမှာပါ''
အန်းဇီယန်ကလည်း မိုင်ဒင်းကို အရေးမစိုက်တော့ဘူး။

အန်းဇီယန်တို့ကားလေးက သာယာလှပလွန်းတဲ့
ချယ်ရီတောအုပ်လေးထဲ ချိုးကွေ့ဝင်လိုက်တယ်။
သီးနှံရိတ်ချိန်မို့ တောင်တစ်ခုလုံး ရဲရဲနီနေတယ်။
အရမ်းလှပတဲ့မြင်ကွင်းလေးကြောင့် ကားပေါ်မှာ
မိုင်ဒင်းတစ်ယောက် ငုတ်တုတ်ထိုင်ငေးနေရတယ်။
ဒီလိုမျိုး ကျေးလက်ဆန်ဆန်နဲ့ အရမ်းလှတဲ့နေရာကို
အရင်က မိုင်ဒင်းမသိခဲ့တာ နာတာပဲလို့တွေးမိတယ်။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now