45. ရှောင်မီ၏ အချစ်သင်ခန်းစာ

8.2K 790 41
                                    

Chapter - 45

<

Unicode>

တည်းရမဲ့ဟိုတယ်ကိုရောက်တော့ အထုပ်တွေချလိုက်တယ်။
အခန်းက နှစ်ယောက်ခန်း။ မိုင်ဒင်းတစ်ယောက်
အခန်းကိုသေချာကြည့်ပြီးမှ မှန်ပြတင်းပေါက်လေးကနေပြီး
အပြင်ဘက်ပတ်ဝန်းကျင်ကို ပျော်ရွှင်စွာကြည့်နေပြန်တယ်။

လှပတဲ့ရှုခင်းကို ကြည်လင်နေတဲ့ ရေကူးကန်အသေးလေးရယ်
အုန်းပင်လေးတွေရယ်၊ အပင်စိမ်းစိမ်းတစ်ချို့ရယ်က
ပိုပြီးအားဖြည့်လိုက်တော့ ဆန်ယာက နိဗ္ဗာန်တမျှ
လှပသာယာလွန်းတဲ့ နေရာလေးဖြစ်သွားတယ်။
ဆန်ယာကရှုခင်းတွေ အရမ်းလှတယ်လို့ ပြောကြတာ
အပိုမဟုတ်ဘူးလို့ မိုင်ဒင်းတွေးမိတယ်။

မိုင်ဒင်း အိပ်ရာပေါ် ကျေနပ်စွာ လှဲချလိုက်တယ်။
သူနှစ်သက်တဲ့အရာ အကုန်လုံး ဒီမှာရှိတယ်...

ပင်လယ်ရဲ့လေအေးအေးလေးရယ်၊ ခပ်နွေးနွေးလေး
ဖြာကျနေတဲ့ နေရောင်လေးတွေရယ်၊ အရမ်းကိုလှတဲ့
ဆန်ယာရဲ့ ကမ်းခြေအလှရယ်၊ ဖော်ရွေတဲ့ဒေသခံတွေရယ်
အဓိကအရေးအကြီးဆုံးကတော့ သူချစ်ရတဲ့အန်းဇီယန်ပေါ့...
အန်းဇီယန်သာ သူ့နံဘေးမှာရှိနေမယ်ဆိုရင် ဘယ်နေရာမဆို
မိုင်ဒင်းအတွက် လုံခြုံတယ်လို့ ခံစားရတယ်...

"အန်းဇီယန်... နိဗ္ဗာန်လေးကိုခေါ်လာပေးတာ ကျေးဇူးပဲ''

အန်းဇီယန်က စောစောကမိုင်ဒင်းလို မှန်ပြတင်ဘေးမှာ
ရပ်ပြီး အပြင်က ပတ်ဝန်းကျင်အလှကို ခံစားနေတာ။
မိုင်ဒင်းစကားကြားတော့ ချက်ချင်းလှည့်လာတယ်။

"မင်းစကားအရဆို နိဗ္ဗာန်တွေတော်တော်ပေါတယ်နော်။
Maldives သွားချင်တယ်လို့ ပြောခဲ့တယ်မလား''

မိုင်ဒင်းက မျက်နှာကျက်ကိုစိုက်ကြည့်ရင်း ဘယ်တုန်းက
သူ့ရဲ့လျှို့ဝှက်ချက်ကို အန်းဇီယန်ကိုပြောမိလည်းကို
အကြေအလည် ပြန်လည်တူးဖော်တွေးတောလိုက်ရတယ်။

အဖြစ်က ဒီလိုဗျ...

မိုင်ဒင်းအရက်မူးတော့ အန်းဇီယန်က ကုန်းပိုးတယ်။
အဲ့ဒီ့တုန်းက သူသာထီပေါက်မယ်ဆိုရင် ရတဲ့ပိုက်ဆံနဲ့
အန်းဇီယန်ကိုဝယ်မယ်။ ပြီးရင် Maldive ကိုသွားချင်တယ်
လို့ ပြောခဲ့ဖူးတဲ့အချိန်ကို မနဲပြန်စဉ်းစားယူလိုက်ရတာ။
ပြောခဲ့တဲ့သူတောင် မမှတ်မိတော့တာ အန်းဇီယန်က
အခုထိ သေသေချာချာ မှတ်မိနေတာကို မယုံနိုင်ဘူး။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now