57. ပိုင်ရှောင်စီ ကယ်ပါ!

7K 733 41
                                    

Chapter - 57

<Unicode>

"ကိုကိုမိုင်ဒင်း'' ဖူချင်းက စကားဖြတ်ပြောတယ်။

"ဟင်..''

"ကြီးလာရင် ကိုကိုက ညီမကို လက်ထပ်မယ်လို့
ငယ်ငယ်က ကတိပေးခဲ့ဖူးတာ သတိရတယ်မလား။
အခု အဲ့ဒီ့ကတိကို တည်ပေးလို့မရဘူးလားဟင်''

"အားတော့နာပေမဲ့ ငါ့မှာ ကောင်မလေးချစ်သူရှိပြီသားပါ''

မိုင်ဒင်း ဖူချင်းကို အားတုံ့အားနာစွာနဲ့ပြုံးရင်း
ပြောလိုက်ပေမဲ့ ဖူချင်းက ဘာမှမထူးဆန်းတဲ့ကိစ္စ
ကြားရသလိုမျိုး အေးအေးဆေးဆေးဖြစ်နေတယ်။

"ညီမ အဲ့ဒီ့အကြောင်း အန်တီမိုင်ဆီကကြားထားတယ်။
အန်တီမိုင်ကပြောတယ်။ ကိုကိုနဲ့အဲ့ဒီ့တစ်ယောက်က
အခြေအနေမကောင်းဘူးတဲ့။ အမြဲရန်ဖြစ်နေတာတဲ့။
သူမက ကိုကို့ကို အိမ်ပေါ်ကနှင်ချတာ နှစ်ခာရှိပြီဆို''

"မဟုတ်ဘူး..အဲ့ဒီ့တစ်ယောက်ကို ငါအရမ်းချစ်တာ''

"ညီမကို မလိမ်ချင်ပါနဲ့ ကိုကိုရာ..ညီမသိပါတယ်။
အဲ့ဒီ့တစ်ယောက်ကြောင့် ကိုကိုအဆင်မပြေဖြစ်မှန်း။
ကိုကိုသာ ညီမနဲ့အတူတူနေရင် ကိုကိုပြောသမျှ
နာခံပြီး ကိုကိုပြောတာ အကုန်လုံးဖြစ်စေရမယ်။
နေ့စဉ်နေ့တိုင်း ကိုကိုကြိုက်တာတွေပဲ ချက်ပေးမယ်။
ကိုကို ဘာမှ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး။
အေးအေးဆေးဆေးထိုင်ပြီး ဂိမ်းဆော့နေရုံပဲ''

ဖူချင်းက အိပ်မက်ထဲမှာ မျော့လွင့်နေသလိုမျိုး
အပြုံးပန်းတွေဖြာရင်း မမောမပန်းပြောရှာတယ်။
ဖူချင်းအိပ်မက်မက်နေတဲ့ဘဝကို မိုင်ဒင်းက
ကောင်းကောင်းကြီး ရင်းနှီးနေတယ်။
ဘာလို့လဲဆိုတော့ အန်းဇီယန်နဲ့နေရတဲ့ဘဝက
ဖူချင်းအိပ်မက်မက်နေတဲ့ ဘဝနဲ့ ထပ်တူညီနေလို့။

တကယ်လို့ အဲ့ဒီ့စကားတွေကို အန်းဇီယန်က
ပြောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။
ကံမကောင်းတာတစ်ခုက အန်းဇီယန်မဟုတ်တာပဲ။

ချစ်စရာကောင်မလေးဆီက ဒီလိုစကားကြားရတော့
ယောကျာ်းလေးတစ်ယောက်အနေနဲ့ ရင်ထဲမှာ
ပျော်ရွှင်ကြည်နူးချင်စရာ ကောင်းလောက်ပေမဲ့
မိုင်ဒင်းချစ်တဲ့သူဆီက ကြားရတာမဟုတ်တော့
စကားလုံးတွေက အဓိပ္ပါယ်မဲ့ကုန်တယ်။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now