72. ခိုင်မြဲတဲ့အချစ်

5.2K 661 31
                                    

Chapter - 72


<Unicode>

သီချင်းတစ်ပုဒ်အပြီးမှာတော့ အရှေ့ကဂီတာအိတ်ထဲမှာ တနေ့စာ သုံးဖို့ထက်ပိုတဲ့ပိုက်ဆံတွေ ရောက်နေပြီ။ သီချင်းတစ်ပုဒ်ဆိုပြီးတော့ ချက်ချင်း ဂီတာကိုပြန်သိမ်းလိုက်တယ်။ မိုင်ဒင်းလေးကတော့ လူအုပ်ရဲ့တွန်းထုပ်မှုခံရပြီး ချောင်မှာကပ်နေရလို့ အန်းဇီယန်က လှမ်းခေါ်ရသေးတယ်။

ကံမကောင်းရှာတဲ့မိုင်ဒင်းလေးက လူအုပ်ကြားထဲကနေ လက်ကလေးမြောက်ရင်း တည်နေရာကို လှမ်းပြောပြရှာတယ်။ အန်းဇီယန်က လူအုပ်ထဲဆင်းလာပြီး မိုင်ဒင်းကို လက်ကဆွဲပြီး ခေါ်ထုတ်လိုက်တယ်။

"သွားမယ်..''

ဆွဲထုတ်ခြင်းခံရတဲ့မိုင်ဒင်းက ယှက်တွဲထားတဲ့လက်နှစ်စုံကိုကြည့်ရင်း ရှက်သလိုလိုခံစားနေရတယ်။ အစကတော့ ကြည့်နေတဲ့လူတွေ အများကြီးကှိနေတယ်လို့ ပြောချင်ပေမဲ့ နောက်ဆုံးတော့ လက်လျော့လိုက်ပါတယ်။ လူတွေအများကြီးကြားထဲက လက်ကနေဆွဲထုတ်ခံလိုက်ရပေမဲ့ ပြောမပြနိုင်နဲ့ခံစားချက်တွေကြောင့် မိုင်ဒင်းမျက်လုံးထဲမှာ အန်းဇီယန်ကလွဲရင် ကျန်တာအကုန် ဝေဝါးသွားခဲ့တယ်။

"အန်းဇီယန်..တနေ့ကျ မင်း ကိုချင်မယ်ဆိုရင် ငါမင်းကို မလှောင်ဘူးလို့ ကတိပေးတယ်နော်''

"မင်းသေသွားရင်တော့ တမျိုးပေါ့''

ခေါင်းမာတဲ့ကောင်လို့ အန်းဇီယန်ကို စိတ်ထဲကပစ်မှာလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား မုန့်အတူတူဝယ်ပြီး လမ်းဘေးကခုံတန်းလေးမှာထိုင်ရင်း စားကြတယ်။ စားနေတုန်းမှာ မိုင်ဒင်းရဲ့ခြေထောက်တွေက လေထဲမှာ ရှေ့နောက်ယမ်းလို့နေတယ်။

"အရင်က မင်းကို အလိုလိုက်ခံထားရတဲ့ သူဋ္ဌေးသားဆိုးပေလို့ ထင်နေခဲ့တာ။ တကယ်တော့မဟုတ်ဘူးပဲ။ အဲ့ဒါကို ဘာလို့ အကျင့်မကောင်းချင်ယောင်ဆောင်နေတာလဲ''

"ငါ့မှာပိုက်ဆံရှိနေတာပဲလေ။ ဘာလို့ ဆင်းဆင်းရဲရဲနေနေရမှာလဲပြော''

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now