Scheduler

18.4K 1K 16
                                    

2-Scheduler

📖🖋နံနက်ခင်းရဲ့ နေခြည်နွေးနွေးက သဘာဝလောကကြီးကိုအလင်းပေးလျှက်။သာယာတဲ့နံနက်ခင်းနှင့်ဆန့်ကျင်စွာ ဆို့နင့်နာကျင်တဲ့ ရင်ခွင်တစ်ခုနှင့်အတူ နိုးထလာတဲ့ ဂျွန် ။မျက်စိကိုတင်းတင်းမိတ်ပြီး နဖူးပေါ်မှ ချွေးစတို့ကို လက်ခုံနှင့်သုတ်ရင်း ပြင်းထန်နေဆဲအသက်ရှုသံတို့ကိုပြန်ထိန်းနေရသည်။ အိပ်မက်......ပြတ်ပြတ်ထင်ထင် နိုးလာချိန်အထိ မြင်ကွင်းထဲမှမပျောက်သေးတဲ့အိပ်မက် ။

"ငါအရမ်းမွန်းကျပ်နေပီ"

အိပ်မက်ထဲက ထယ့် အသံ

"မသွားရဘူး မင်းဘယ်မှမသွားရဘူး မင်းတစ်သက်လုံးကို့ဘေးနားကနေ ဘယ်မှထွက်သွားလို့မရဘူး "

ဆို့နင့်စွာငိုရှိုက်ရင်း လည်ချောင်းကွဲမတတ် အော်ဟစ်တားဆီးနေတဲ့သူ

ထယ် ကတော့လည့်မကြည့်ခဲ့ပါ ။ သူကတော့ရွေ့မရအောင် ခဲဆွဲထားသလို လေးလံနေတဲ့ခြေထောက်တွေနဲ့ ဒူးထောက်တောင်းပန်ရင်း ခံစားချက်မရှိတဲ့မျက်နှာ အသက်မဲ့မျက်ဝန်းတွေနဲ့ တစ်ရွေ့ရွေ့ထွက်သွားတဲ့ ထယ့်ကို မြင်နေပေမဲ့တားဆီးလို့မရ ။

သူ့ဘေးနားက ကျောပေးအိပ်နေတဲ့ နုညံ့ပျော့ပြောင်းတဲ့ခန္တာကိုယ်လေးကို ဆွဲဖက်ရင်း ဆံပင်နုနုလေးတွေထဲ နှာခေါင်းနှစ်အောင် မွေးကြူလိုက်မိသည်။ အစစ်အမှန်တည်ရှိမှု ထယ် သူ့ဘေးမှာရှိနေတယ် ဆိုတဲ့အတည်ပြုခြင်း ။ထယ့် ရဲ့ vanilla နံသင်းနေတဲ့ကိုယ်သင်းရနံ့လေး ကသူ့ရင်ထဲကပူလောင်မှုတွေကို ပယ်ဖျက်ပေးနိုင်သည်။

ရင်ခွင်ထဲက ဂွမ်းလုံးလေးလို ကိုယ်သေးသေးလေးက သူ့ရင်ခွင်ထဲကို အနွေးဓါတ်ကြောင့်လားမသိ ကြောင်ပေါက်လေးလို အတင်းတိုးဝှေ့နေသည်။

"ကိုပဲတစ်ချိန်လုံးအိပ်ချင်ယောင်ဆောင်နေရမလား မင်းကိုဘဲတစ်ချိန်လုံး အိပ်ငွေ့ချထားရမလား "

ကလေးငယ်‌လေးလို ကောင်လေးကိုမြတ်မြတ်နိုးနိုးစိုက်ကြည့်နေရင်း စိတ်ထဲကရေရွတ်မိသည်။ ကြယ်လေးတွေလိုလှပလွန်းတဲ့မျက်ဝန်းလေးတွေက သူ့ကိုမျက်လုံးချင်းဆုံမကြည့်တာကြာပီ ။ ချယ်ရီရောင်နုတ်ခမ်းသားနုနုတို့က အင်းနဲ့ဟင့်အင်းကလွဲလို့ ဘာမှမပြော ပြောပြန်ရင်လည်း သူရင်ကိုနာစေသောစကားတို့ကိုသာ ရွေးပြောသလားထင်ရသည်။ဂျွန် ဆိုတာအဲ့လောက် နှလုံးသားနုသူမဟုတ် ။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now