Mr Jealous

6K 424 5
                                    

14-Mr Jealous

💚"ကောင်းကောင်းကြီးပြင်းလာတာပဲ"

သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြုံးပြုံးကြီးစကားပြောနေတဲ့ ဦးလေးကြီး ။ကိုယ်စာသင်ခဲ့တဲ့ ကလေး ဘွဲ့ယူတာကို စောင့်ကြည့်နေတဲ့ မူလတန်းဆရာ တစ်ယောက်ရဲ့အပြုံးမျိုးနှင့်တူသည်။သူ ရှိုးတိုးရှန့်တန့်နဲ့ သာပြုံးပြမိသည်။

"နှစ်တွေဒီလောက်ကြာသွားပေမဲ့ သားကငယ်ရုပ်မပျောက်ဘူးပဲ"

"ဟုတ်တယ် ကျွန်တော်လည်းလဲ အဲ့လိုပဲမြင်တာ"

သူ့ကိုယ်သူ လူကြီးပုံနဲ့ ဝင်ပြောနေတဲ့ ဂျွန့် ကိုသူ မော့ကြည့်လိုက်တော့

"မဟုတ်ဘူးလား"

သူ့ပါးကိုအသာလေးကိုင်ပြီး မေးလိုက်တဲ့ဂျွန် ။တစ်ကယ်ပါ လူကိုစကားတတ်ခါစ ကလေးထင်နေသလားပဲ။

"ကျေးဇူးတင်ပါတယ် ။ကျွန်တော့်ကို ကယ်ပေးလို့"

သူဘာစပြောလို့ပြောရမှန်းမသိတော့ စိတ်ထဲက အပြောချင်ဆုံးစကားကိုသာ စ ပြောလိုက်မိသည်။

"မလိုပါဘူးသားရယ် ဦးကသာ ထိထိရောက်ရောက် မကာကွယ်ပေးခဲ့နိုင်တာ"

ဦးလေးကြီးရဲ့ အရိုးခံမျက်လုံးတွေက စိတ်မကောင်းခြင်းအပြည့်နဲ့။

"ထယ် နားထောင်ဖို့အသင့်ဖြစ်ပြီလား"

သူ့ခေါင်းကို လက်ဝါးနှင့်ထိန်းကိုင်ပြီး သူ့ရဲ့နောက် လက်တစ်ဖက်ကို လက်ချောင်းခြင်း ယျှက်ကိုင်ထားသည့် ဂျွန် ကို သူခေါင်းညိမ့်ပြလိုက်သည်။

"အဖြစ်အပျက်တွေ အားလုံးခြုံပြောရရင် NewN ရဲ့ အိမ်ယာစီမံကိန်းတွေကစတာပဲ။ အစောပိုင်းမှာတော့ အစ်ကိုကြီး နဲ့ Mr Oh ကတော်တော်အဆင်ပြေခဲ့ကြတာ။ တက်သစ်စ ဆောက်လုပ်ရေး သေးသေးလေးက ဆင်ခြေဖုံးက လူတန်းစားတွေကို လူနေမှုအဆင့်တန်းတွေမြင့်တင်ပေးမယ်ဆိုတော့ အစ်ကိုကြီး ကလည်း လိုလိုလားလားကူညီခဲ့တာ ။ငွေအရင်းနီးစိုက်ထုတ်ပေးတယ် ဆိုပေမဲ့ သိပ်ပြီးကြီးကြီးမားမား ဘာအကျိုးအမြတ်မှ မယူခဲ့ဘူး။ အဲ့လိုနဲ့ NewN က လွယ်လွယ်ချမ်းသာလာတယ် ဆိုပါတော့။အဲ့ဒီမှာပဲ ပထမစီမံကိန်း အိမ်ယာသုံးခုလောက် အပြီးမှာ NewN နဲ့ အကြီးအကျယ် ပြသနာတက်တော့တာပဲ။ ကျွန်တော်အထင် CheongDam အိမ်ကိစ္စပဲဖြစ်မှာ။ Mr Oh ကို ရှေ့လျှောက် အလုပ်အတူ မလုပ်နိုင်တော့ဘူးလို့ပြတ်ပြတ်သားသား ပြောလွတ်လိုက်တာ။"

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now