Guardian

23.6K 1.1K 2
                                    

Guardian

⚔️🛡မြို့ပြရဲ့ဆူညံခြင်းနဲ့ဝေးရာ ဆိတ်ငြိမ်ရပ်ကွက် အတွင်းသို့ သူ့ကားလေးဝင်ရောက်လာသည်။ ထိန်ထိန်ညီးနေသော ဆိုးလ် ရဲ့ကောင်းကင်ယံတွင် ကြယ်လေးတွေကတော့မျက်နှာငယ်ငယ်နှင့် ခပ်မှိန်မှိန်သာထွန်းလင်းနိုင်ရှာသည်။သူကားမှန်ကိုချလိုက်ရင်း နုညံ့တဲ့ လေပြည်ရဲ့အထိအတွေ့ကိုခံစားလိုက်မိသည်။တစ်ကယ်တမ်း သူလိုအပ်နေတာ လေညင်းလေးမဟုတ် တစ်စုံတစ်ယောက်သောသူရဲ့ ဝင်သက်ထွက်သက် နွေးနွေးလေးတွေ တွေးမိရုံလေးနဲ့ပင် ရင်ထဲလှိုက်ဖိုနွေးထွေးသွားသည်။ အိမ်နှင့်နီးလာလေ သူလေးရဲ့ အငွေ့အသက်တွေခံစားမိလာလေ ။

အိမ်တံခါးကိုအသံမမည်အောင် အသာဖွင့်ရင်း ဝင်လိုက်သည်။ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်ပျော်နေတဲ့ ပုံရိပ်ငယ်လေး မြတ်နိုးမှုနဲ့အတူ ရင်ထဲက အကြင်နာတရားတွေအားလုံး ထိုပုံရိပ်ငယ်အပေါ် လွမ်းခြုံသွားသည်။

"အအေးမိတော့မှာပဲ ထယ်လေးရာ အိပ်ရာပေါ်မှာသွားအိပ်တာမဟုတ်ဘူး"

ခပ်တိုးတိုးရေရွတ်မိပေမဲ့ ရင်ထဲမှာတော့ ပီတိတွေအပြည့် ။သူပြန်အလာကိုစောင့်ရင်းအိပ်ပျော်သွားရှာတယ်ဆိုတဲ့အတွေးနဲ့ ။မနိုးအောင် အသာပွေ့ချီလိုက်ပေမဲ့ တအီအီနဲ့ အသံသဲ့သဲ့လေးထွက်လာသည်။

"ကိုပါ ထယ်လေးရဲ့ အိပ်ရေးပျက်သွားတာလား"

ဘာစကားမှပြန်မပြော အရမ်းအိပ်ချင်နေတဲ့ ရုပ်လေးနဲ့ မျက်လုံးနှစ်ဖက်ကို လက်သီးဆုပ်သေးသေးလေးနဲ့ ဖိပွတ်နေသည်။ လှေခါးလည်းတက်ရော သူ့ရင်ဘတ်က အင်္ကျီစကို ဆုပ်ဆွဲရင်း ခေါင်းလေးကလည်း ပုခုံးပေါ် ကပ်မှီထားသေးသည်။ တစ်ကယ့်ကလေးလေး သူ့ထက် လူ့လောကထဲ တစ်နှစ်စောရောက်တဲ့သူတဲ့ ဘယ်လိုမှကို အကြီးလို့တွေးလို့မရတာ။ အိပ်ရာပေါ်အသာချပေးတော့ လက်ကအင်္ကျီစကို ချက်ချင်းမလွတ်ပေး အတင်းပဲကုတ်တွယ်ထား တာ။

"ကိုခြေလက်ဆေးလိုက်ဦးမယ်နော် ခနလေး"

ဘာမှမပြောပဲခေါင်းပဲငြိမ့်ပြသည်။

"ဘယ်ချိန်ထိ အေးတိအေးစက်ကြီးနေဦးမှာလဲထယ်ရာ"

ရှေ့တင်တော့မပြော တစ်ယောက်ထဲမျက်နှာသစ်ရင်းရေရွတ်မိသည်။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now